Home
မြန်မာသတင်း
၁၂ တန်းစာမေးပွဲတွင်  Grade  A ရသူများ ကြိုက်သည့် တက္ကသိုလ်တက်ရောက်နိုင်မည်
DVB
·
August 7, 2023
Grade 12 SAC

အခြေခံပညာ Grade-12   စာမေးပွဲရဲ့ ရလဒ်ကို အအောင်/အရှုံး ရလဒ်အဖြစ် ကြေညာမှာမဟုတ်ဘဲ Grade A, Grade B, Grade C ဆိုပြီး အဆင့်သုံးဆင့်ခွဲပြီး ကြေညာမှာဖြစ်တယ်လို့ စစ်ကောင်စီပညာရေးဌာနက သိရပါတယ်။

အဆိုပါ စာမေးပွဲမှာ Grade A ရရှိတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ မိမိတို့ယူထားတဲ့ ဘာသာတွဲနဲ့ ကိုက်ညီပါက မြန်မာနိုင်ငံအတွင်းရှိ ဘယ်တက္ကသိုလ်ကိုမဆို တက်ရောက်ခွင့် လျှောက်ထားနိုင်မှာဖြစ်ပြီး Grade B နဲ့ Grade C ရရှိတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ တက္ကသိုလ်တွေကိုသာ လျှောက်ထားနိုင်မှာဖြစ်တယ်လို့ ပညာရေးဌာနက အရာရှိတဦးက ပြောပါတယ်။

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူတွေကို သက်ဆိုင်ရာတက္ကသိုလ်တွေက အနည်းဆုံး ၂ ဘာသာ (အင်္ဂလိပ်စာ+ဇီဝ (သို့မဟုတ်) သင်္ချာ)၊ အများဆုံး ၄ ဘာသာ (အင်္ဂလိပ်စာ+ဇီဝ (သို့မဟုတ်) သင်္ချာ+ရူပ (သို့မဟုတ်) ဘောဂ+ဓာတု) ဘာသာရပ်တွေကို ထပ်မံဖြေဆိုပြီးမှသာ ဝင်ခွင့်ရွေးချယ်မှာ ဖြစ်ပါတယ်။

အထက်တန်းပညာ သင်ယူပြီးစီးကြောင်း လက်မှတ် (HSCC) ရရှိတဲ့ ကျောင်းသား ကျောင်းသူတွေကတော့ နည်းပညာသိပ္ပံ၊ ကွန်ပျူတာကောလိပ်၊ အသက်မွေးဝမ်းကျောင်း ပညာသင်သိပ္ပံ၊ စိုက်ပျိုးရေး မွေးမြူရေးသိပ္ပံ၊ ဆရာအတတ်သင်ကောလိပ်တွေကို တက်ရောက်နိုင်တယ်လို့  အရာရှိက ရှင်းပြပါတယ်။

အဆိုပါ ကောလိပ်၊ သိပ္ပံတွေမှာ ၂ နှစ် ဒါမှမဟုတ် ၃ နှစ် တက်ရောက်သင်ယူပြီးပါက ဒီပလိုမာလက်မှတ်တွေ ရရှိပြီး လုပ်ငန်းခွင်ကိုဝင်ရောက်နိုင်သလို တက္ကသိုလ်အသီးသီးကို ဆက်လက်တက်ရောက်လိုပါကလည်း ပေါင်းကူးအစီအစဉ်နဲ့ မိမိတို့ရရှိထားတဲ့ ဒီပလိုမာ လက်မှတ်တွေနဲ့ ကိုက်ညီတဲ့ ဘာသာရပ်တက္ကသိုလ်တွေရဲ့ ဒုတိယနှစ် ဒါမှမဟုတ် တတိယနှစ်တွေကို တက်ရောက်နိုင်ကာ တက္ကသိုလ်ဘွဲ့ကို ရရှိနိုင်မယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024