ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုဟာ ဘရာဇီးဂန္ထဝင် ဘောလုံးသမား ပီလီရဲ့ အမည်ပေးထားတဲ့ ဗန်နူအာတူက ဘောလုံးလေ့ကျင့်ရေးကွင်းကို စနေနေ့က သွားရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။
ဩစတြေးလျနဲ့ နယူးဇီးလန် နိုင်ငံတွေမှာ ကျင်းပနေတဲ့ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို သွားရောက်နေတဲ့ အင်ဖန်တီနိုဟာ ပစိဖိတ်သမုဒ္ဒရာကျွန်းစု နိုင်ငံတွေကို တရားဝင် အလည်အပတ် ရောက်နေတဲ့ ခရီးစဉ်အတွင်း ကိုယ်ကာယ ကြံ့ခိုင်ရေးစင်တာနဲ့ ကာယကုထုံးဆေးခန်းကိုလည်း ဖွင့်လှစ်ပေးခဲ့ပါတယ်။
ပီလီဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ကွယ်လွန်ခဲ့တာဖြစ်ပြီး သူ့ရဲ့မွေးရပ်မြို့ ဆန်းတို့စ်မှာရှိတဲ့ အားကစားကွင်းကို ပထမဆုံးတက်ရောက်ခဲ့တဲ့ ဖီဖာခေါင်းဆောင်တဦးဟာ အင်ဖန်တီနို ဖြစ်လာပါတယ်။
ဗန်နူအာတူမှာ ဖွင့်လှစ်ခဲ့တဲ့ ပီလီအမည်နဲ့ လေ့ကျင်းရေးကွင်းဟာ ပစိဖိတ်ဒေသမှာ ပထမဆုံးကွင်းဖြစ်ပြီး ကမ္ဘာတဝန်းက ဘောလုံးအသင်းတွေကိုလည်း ဘောလုံးလောကရဲ့ ဂန္ထဝင်ကစားသမား ပီလီရဲ့ အမည်တွေနဲ့ အားကစားကွင်းတွေကို အမည်ပေးကြဖို့ အင်ဖန်တီနိုက တောင်းဆိုခဲ့ပါတယ်။
Source - Reuters