Home
နိုင်ငံတကာ
တောင်တရုတ်ပင်လယ်၌ ဖိလစ်ပိုင်စစ်ရေယာဉ်ကို တရုတ်ကမ်းခြေစောင့်တပ် တားဆီး
DVB
·
August 7, 2023
Philippine China South China Sea_07082023

တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်စစ်တပ် ထောက်ပံ့ရေးသင်္ဘောတစင်းကို တရုတ်ကမ်းခြေစောင့်တပ်က ပိတ်ဆို့ပြီး ရေအမြောက်နဲ့ ပစ်ခတ်တားဆီးခဲ့တယ်လို့  ဖိလစ်ပိုင်အစိုးရက သြဂုတ် ၆ ရက်မှာ ပြောပါတယ်။

ဖိလစ်ပိုင် ရေယာဉ်တွေအပေါ် တရုတ်က လွန်လွန်ကဲကဲ ထိုးစစ်ဆင်တာကိုလည်း ရှုတ်ချခဲ့ပါတယ်။

တရုတ် ကမ်းရိုးတန်းစောင့် သင်္ဘောတစင်းဟာ သြဂုတ် ၅ ရက်က စင်းလုံးငှား ရေအမြောက်တွေနဲ့ ပိတ်ဆို့ပြီး ပုံမှန်တပ်ဖွဲ့ဝင်တွေက လည်ပတ်မှုနဲ့ ပြန်လည်ထောက်ပံ့ရေး မစ်ရှင်မှာ လုပ်ဆောင်ခဲ့တယ်လို့ ဖိလစ်ပိုင်စစ်တပ်က ပြောပါတယ်။

၁၉၉၉ ခုနှစ်မှာ ရည်ရွယ်ချက်ရှိရှိ ရပ်တန့်ထားတဲ့ သံချေးတက်နေတဲ့ ကမ္ဘာစစ်လက်ကျန်  အမေရိကန်သင်္ဘောပေါ်မှာ တပ်ဖွဲ့ဝင်တချို့ နေထိုင်တဲ့ Ayungin Shoal လို့ ဖိလစ်ပိုင်အစိုးရက ခေါ်တဲ့ Second Thomas ရေတိမ်သောင်ခုံနားမှာ ခုလိုဖြစ်ပွားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တောင်တရုတ်ပင်လယ် တခုလုံးနီးပါးကို တရုတ်နိုင်ငံက အချုပ်အခြာအာဏာ ပိုင်ဆိုင်တယ်လို့ အခိုင်အမာ ဆိုထားပြီး နိုင်ငံတကာက ပယ်ချထားပါတယ်။

တရုတ်ပြည်မကြီးအစိုးရဟာ အငြင်းပွားရေပိုင်နက်ထဲက သန္တာကျောက်တန်း​တွေပေါ်မှာ ကျွန်းတွေတည်ဆောက်တာ၊ ဒုံးကျည်တွေ၊ လေယာဉ်ပြေးလမ်းတွေ တည်ဆောက် တပ်ဆင်တာလို ရေရှည်လုပ်ဆောင်ချက်တွေကြောင့် အိမ်နီးချင်းနိုင်ငံတွေက မကြာခဏ စိတ်ပျက်ရလေ့ ရှိပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024