ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းဟာ အသင်းရဲ့ငယ်မွေးခြံပေါက်ကစားသမားဖြစ်သူ စီရော်နယ်ဒိုကို ဂုဏ်ပြုတဲ့အနေနဲ့ CR7 အမှတ်တံဆိပ်ပါ တတိယဝတ်စုံသစ်ကို ဝတ်ဆင်မှာပါ။
အနက်ရောင်နဲ့ ရွှေရောင်အသုံးပြုထားတဲ့ CR7 စာသားကို အသင်းရဲ့ဂျာစီကုမ္ပဏီ Nike ရဲ့နေရာမှာ အစားထိုးမှာပါ။
ကွင်းသစ်ကို ပြောင်းရွှေ့လာပြီးနောက်နှစ်ပေါင်း ၂၀ ပြည့်အထိမ်းအမှတ်အနေနဲ့လည်း စပို့တင်းလစ္စဘွန်းက ဒီဇိုင်းထုတ်လုပ်ခဲ့တာပါ။
ကွင်းသစ်ထဲမှာ ပထမဆုံးပွဲစဉ်အဖြစ် ၂၀၀၃ ခုနှစ်က မန်ယူအသင်းနဲ့ ခြေစမ်းကစားခဲ့တာပါ။ အဲဒီပွဲကနေတဆင့် စီရော်နယ်ဒိုရဲ့ ခြေစွမ်းကို မန်ယူအသင်း နည်းပြအဖွဲ့က စတင်သဘောကျခဲ့ပြီးနောက်ပိုင်းမှာ အပြီးသတ်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က စီရော်နယ်ဒိုရဲ့အသက်က ၁၈ နှစ်သာရှိသေးတာ ဖြစ်ပါတယ်။