Home
မြန်မာသတင်း
အာရှလမ်းမကြီးတွင် တောင်နံရံပြိုကျပြီး လမ်းပိတ်
DVB
·
August 6, 2023
365721727_262407093201531_4425730032069333506_n

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲက အာရှလမ်းမကြီးပေါ်မှာ ဒီမနက်က တောင်နံရံပြိုကျပြီး လမ်းပိတ်ဆို့ခဲ့တယ်လို့ ကုန်တင်ကားမောင်းနှင်သူတွေက ပြောပါတယ်။

မနက် ၆ နာရီလောက်က မိုးသည်းထန်စွာရွာ‌နေခဲ့ပြီး ဒေါနတောင်၊ တောနော်ရေတံခွန်အနီး၊ မိုင်တိုင်အမှတ် ၁၅၄ နဲ့ ၁၅၅ ကြားက အာရှလမ်း ညာဘက်ခြမ်းက တောင်ကမ်းပါးကနေ မြေပြိုကျပြီး လမ်းပေါ်မြေစာခဲတွေနဲ့ ပိတ်ဆို့နေခဲ့တာပါ။

ကုန်တင်ကားမောင်းနှင်သူတယောက်က “မိုင်တိုင် ၁၅၄ အကျော်က တောင်ပေါ်လမ်းမှာ မြေပြိုတာ၊ မီးသတ်တွေ တလမ်းစာတော့ အရင်ရှင်းပေးလို့ ဖြတ်မောင်းလို့တော့ ရပါပြီ၊ ကားတွေက များတယ်။ ဟိုဘက်ကော ဒီဘက်ရော၊ မြေကြီးက ပေ ၆၀၊ ၇၀ လောက် ရှိမယ်။ ကမ်းပါးက မိုးတော်တော်ရွာတာနဲ့ ရေတောက်လျှောက်ကျတာပဲ။ အခုဟာ မြေကြီးပါ ပြိုကျတာ” လို့ ဆိုပါတယ်။

လမ်းပိတ်ဆို့နေတာကြောင့် မြဝတီ- ကော့ကရိတ်သွားလမ်းက သွားမယ့်ကုန်တင်ကားနဲ့ ခရီးသည်တင်ကားတွေ မနက် ၈ ခွဲကျော်တဲ့အထိ ရပ်တန့်ထားခဲ့ရပါတယ်။  

ပိတ်ဆို့‌နေတဲ့ မြေစာတွေကို ကော့ကရိတ်မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ အရပ်ဘက် အသင်းတွေက ပူးပေါင်းရှင်းလင်းပေးခဲ့တယ်လို့ သရပြီး ပြီးခဲ့တဲ့ ၂၀၁၈ ဇူလိုင်လကလည်း  ဒေါနတောင်ရှိ အာရှလမ်းမပေါ်မှာ တောင်ကမ်းပါးပြိုကျလို့ လမ်းပိတ်ဆို့ခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024