၂၀၂၃-၂၄ ဘောလုံးရာသီရဲ့ အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၆ ရက်မှာ မန်စီးတီးအသင်းနဲ့ အာဆင်နယ် အသင်းတို့က ကွန်မြူနတီဒိုင်းအတွက် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။
ဒီပွဲစဉ်နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ အင်္ဂလန်နောက်ခံလူ ကိုင်လီ ဝေါ်လ်ကာကို ဆက်ထိန်းထားဖို့ ဆန္ဒရှိတယ်လို့ ပြောကြားပါတယ်။
ဂျာမန်အသင်းကြီးဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းကလည်း ဝေါ်လ်ကာကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စား နေပါတယ်။
ဒါ့အပြင် ဂွါဒီယိုလာရဲ့ အဓိကကစားသမားတွေထဲက နောက်ထပ်တစ်ဦးဖြစ်တဲ့ ဘာနာဒို ဆေးလ်ဗာကိုပါ အသင်းမှာ ဆက်ရှိစေချင်တယ်လို့ ဆိုပါတယ်။
ပေါ်တူဂီကွင်းလယ်လူကိုတော့ လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းက အပြောင်းအရွှေ့အတွက် ချိတ်ဆက်နေကြောင်း သိရပါတယ်။
ဒီရာသီမှာ အသစ်ခေါ်ယူလိုက်တဲ့ ခရိုအေးရှားနောက်ခံလူ ဂျီဗာဒီယိုလ်အနေနဲ့ သြဂုတ် ၄ ရက်မှာ ဆေးစစ်မှုခံယူခဲ့ကြောင်း မန်ချက်စတာစီးတီး အသင်းနည်းပြ ဂွါဒီယိုလာက အတည်ပြုပါတယ်။
မကြာခင်အချိန်အတွင်း ဂျီဗာဒီရော်လ်ရဲ့ အပြောင်းအရွှေ့ဆိုင်ရာ သဘောတူညီမှုအတွက် အခိုင်အမာဖြစ်လာဖို့ မျှော်လင့်ထားတယ်ဆိုပြီး ဂွါဒီယိုလာက မှတ်ချက်ပေးပါတယ်။
Source-Reuters