Home
မြန်မာသတင်း
ရွှေဘိုပေါ်ဆန်းတအိတ် ၁၂၀,၀၀၀ ကျပ်ဖြင့်ရောင်းမည်ဟု ဆန်အသင်းကြေညာ
DVB
·
August 5, 2023
363053320_10159587465727913_3340608719895041109_n

ရန်ကုန်မှာ ရွှေဘိုပေါ်ဆန်းမွှေးတအိတ်ကို ကျပ် ၁ သိန်းခွဲရှိနေချိန် တအိတ်ကို ကျပ် ၁ သိန်းနှစ်သောင်းနဲ့ ရောင်းမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ကြေညာထား ပါတယ်။

အဲဒီလိုရောင်းချပေးတာဟာ ဆန်ဈေးကွက်နဲ့ ဆန်ဈေးနှုန်းတွေ တည်ငြိမ်ဖို့ ရောင်းချပေးတာဖြစ်ပြီး မှတ်ပုံတင်တခုကို ရွှေဘိုပေါ်ဆန်းတအိတ်နဲ့ဧည့်မထ တအိတ်တို့ ဝယ်ယူနိုင်မှာဖြစ်ပြီး အခုလ ၇ ရက်နေ့ကစလို့ ဝါးတန်းလမ်းနဲ့ ဘုရင့်နောင် ကုန်စည်ဒိုင်တို့မှာ စတင်ဝယ်ယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

ရောင်းချပေးမယ့်ဆန်တွေကတော့ ရွှေဘိုပေါ်ဆန်းမွှေးတအိတ်ကို ကျပ် ၁၁၀,၀၀၀ နဲ့ ၁၂၀,၀၀၀၊ ဧရာဝတီပေါ်ဆန်းမွှေးတအိတ်ကို ၉၄,၀၀၀ နဲ့ ၉၇,၀၀၀ တန်၊ ဧည့်မထ(၁၀% စားဆန်) တအိတ်ကို ၆၅,၀၀၀၊ ဧည့်မထ( ၂၅ % စားဆန်)တအိတ်ကို ကျပ် ၆၀,၀၀၀ နဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။

ဈေးလျော့တယ်ဆိုပေမယ့် ကုန်စည်ဒိုင်တွေနဲ့ အလှမ်းဝေးတဲ့နေရာတွေက လာရောက် ဝယ်ယူရမယ့်သူတွေအတွက် ပြင်ပပေါက်ဈေးအတိုင်း ဝယ်ယူနေရသလို ဖြစ်တဲ့အတွက် ရောင်းချပေးမယ့် ဆန်ဈေးနှုန်းက ဘာမှမထူးဘူးလို့ ဆန်ရောင်းချနေသူတွေက ပြောပါတယ်။

မြောက်ဒဂုံမြို့နယ်မှာ ဆန်ရောင်းချသူတယောက်က “ကျနော်တို့ လက်ရှိရောင်းနေတာ ၁ သိန်းခွဲ၊ မြို့နယ်အတွင်းဆို အိမ်အရောက်ပို့ပေးတယ်။ ဆန်အသင်းက ဆန်ဈေး ထိန်းညှိဖို့ အတွက်လုပ်တာဆိုပေမယ့် အများလက်လှမ်းမီအောင်မလုပ်နိုင်ဘဲ ဈေးနှုန်းကွာဟချက် ကြီးကြီးမားမား မထားပဲရောင်းတာဟာ ဆန်ဈေး ထိန်းညှိဖို့ ဆိုတာမဖြစ်နိုင်ဘူး” လို့ ပြောပါတယ်။

အာဏာသိမ်းစ ၂၀၂၁ ခုနှစ် ဧပြီလက ရွှေဘိုပေါ်ဆန်းတအိတ်ကို ပြင်ပပေါက်ဈေး ကျပ် ၆ သောင်းနီးပါးလောက်အထိဖြစ်လာချိန်မှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ရွှေဘို ပေါ်ဆန်းမွှေး တအိတ်ကို ကျပ် ၅၄,၀၀၀ နဲ့ရောင်းချပေးခဲ့ပေမယ့် ဆန်ဈေးတွေဟာ ၂ နှစ်ကျော်အတွင်း ၂ ဆလောက်တက်လာခဲ့တာ ဖြစ်ပါတယ်။

နှစ်သောင်းတန် မထုတ်ဝေခင်က ရွှေဘိုပေါ်ဆန်းတအိတ်ကို ပြင်ပမှာ ကျပ် တသိန်းနှစ်သောင်း ကနေ တသိန်းသုံးသောင်းအထိ ဈေးပေါက်ခဲ့ပြီး နှစ်သောင်းတန်ထုတ်ဝေပြီးနောက် ကျပ် တသိန်းခွဲအထိ ဈေးပေါက်နေတယ် လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024