ချဲလ်ဆီးအသင်းဟာ ပြင်သစ်ကလပ် မိုနာကိုအသင်းရဲ့ နောက်တန်းသမား အက်ဆဲဒဆာဆီကို ပေါင်စတာလင် ၃၉ သန်းနီးပါးနဲ့ ခေါ်ယူလိုက်တယ်လို့ ဗြိတိသျှမီဒီယာတွေမှာ ဖော်ပြပါတယ်။
အသက် ၂၅ နှစ်အရွယ် ဒဆာဆီကို ချဲလ်ဆီးက ၆ နှစ်စာချုပ်နဲ့ ခေါ်လိုက်တာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ နောက်တန်းသမား ဖိုဖာနာ ဒူးဒဏ်ရာ အပြင်းအထန် ရရှိသွားအပြီးမှာ နောက်ခံလူသစ် ခေါ်ယူလိုက်တာပါ။
ဒဆာဆီကတော့ ချဲလ်ဆီးလို ခမ်းနားတဲ့ အသင်းတစ်သင်းရဲ့ အစိတ်အပိုင်းဖြစ်ရတာ အရမ်းဂုဏ်ယူတယ်လို့ ပြောပါတယ်။
ချဲလ်ဆီးရဲ့ ဗဟိုနောက်ခံလူနေရာမှာ ဒဆာဆီဟာ သီယာ၈ို ဆေးဗားတို့နဲ့ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ပြိုင်ဆိုင်ရဖို့ရှိပါတယ်။
ပြင်သစ်လက်ရွေးစင် နောက်တန်းသမားဟာ ပြီးခဲ့တဲ့ရာသီက မိုနာကိုအသင်းအတွက် ၃၈ ပွဲ ကစားပေးထားသလို ပြင်သစ်လက်ရွေးစင်အသင်းအတွက်လည်း ၄ ပွဲ ကစားပေးထားပါတယ်။
Source-Reuters