၂၀၂၀ ရွေးကောက်ပွဲမှာ အရှုံးရလဒ်ကို ပြောင်းပြန်လှန်ဖို့ ပူးပေါင်းကြံစည်ခဲ့တဲ့ ကြိုးကိုင်မှုဆိုင်ရာ စွဲချက်တွေနဲ့ ပတ်သက်ပြီး သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ပ်က တရားရုံးမှာ အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ပါတယ်။
သြဂုတ် ၃ ရက်က ဝါရှင်တန်ဒီစီမြို့ရှိ တရားရုံးမှာ ကိုယ်တိုင်လာရောက် အမှုကြားနာခဲ့စဉ် ထရမ့်ပ်က “အပြစ်မရှိဘူး” လို့ အလေးပေး ထွက်ဆိုသွားတာ ဖြစ်ပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ ဒေါ်နယ်ထရမ့်ပ်အပေါ် ဖက်ဒရယ်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို အထူးကောင်စီဝင် ဂျက်ခ်စမစ်က ကြီးကြပ်နေတာဖြစ်ပြီး အောက်ရုံးတရားသူကြီး မော့ဆီလာ အူပါ ဒိုင်းယာက အဆုံးအဖြတ် ပေးသွားမှာပါ။
အမေရိကန်လွှတ်တော် အဆောက်အအုံနဲ့ ၁ ကီလိုမီတာသာ ကွာဝေးတဲ့ ဝါရှင်တန်တရားရုံးမှာ ထရမ့်ပ်အပေါ် ရုံးတင်စစ်ဆေးမှု ပြုလုပ်ခဲ့ရာ နာရီဝက်နီးပါးလောက် အချိန်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်
ဒေါ်နယ်ထရမ့်ပ်ရဲ့ ရွေးကောက်ပွဲ ရှုံးနိမ့်မှုအတွက် အမေရိကန်လွှတ်တော်က အတည်ပြု ထုတ်ပြန်မယ့်အပေါ်မှာ တားဆီးနိုင်ဖို့အတွက် ကြိုးပမ်းတဲ့နေနဲ့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်မှာ ထရမ့်ပ်ကို ထောက်ခံသူတွေက လွှတ်တော် အဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့ကြတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အသက် ၇၇ နှစ်အရွယ် ထရမ့်ပ်ဟာ အမှု ၄ မှုနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ အဲ့ဒီထဲမှာ အမေရိကန်နိုင်ငံအပေါ် လိမ်လည်လှည့်ဖြားမှုနဲ့ ပူးပေါင်းကြံစည်မှု အပါအဝင် ပြည်သူတွေရဲ့ မဲပေးပိုင်ခွင့်အပေါ် ပိတ်ပင်တားဆီးမှုနဲ့ ဥပဒေကြောင်းအရ အရေးယူမှုကို ဟန့်တားနှောင့်ယှက်မှုတို့ ပါဝင်ပါတယ်။
အပြင်းထန်ဆုံးသော တရားစွဲဆိုချက်အရ အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ အထိ ကျခံရနိုင်ဖွယ် ရှိနေပါတယ်။
Source - Reuters