မန်ချက်စတာယူနိုက်တက်အသင်း နောက်ခံလူ မက်ဂွိုင်းယားကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းတွေထဲမှာ အဲဗာတန်အသင်းလည်း ပါဝင်လာပါတယ်။
မူလက မန်ယူနောက်ခံလူကို ချဲလ်ဆီး၊ စပါးနဲ့ ဝက်စ်ဟမ်းအသင်းတို့က ခေါ်ယူဖို့ ချိတ်ဆက်နေတာလို့ ဗြိတိသျှမီဒီယာတွေမှာ ဖော်ပြနေပါတယ်။
ယူနိုက်တက်က အသက် ၃၀ အရွယ် မက်ဂွိုင်းယားကို ရောင်းချင်ပေမဲ့ သူ့အတွက်ပေးရတဲ့ လစာက တပတ်ကို ပေါင် ၂ သိန်းဖြစ်နေတာကြောင့် ခေါ်ယူမယ့်အသင်းတွေ လက်တွန့်နေတာ ဖြစ်ပါတယ်။
မန်ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်နေတဲ့ မက်ဂွိုင်းယားကို အဲဗာတန်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပေမဲ့ ဘယ်လောက်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမလဲဆိုတာတော့ မသိရသေးပါဘူး။
ဝက်စ်ဟမ်းနဲ့ အဲဗာတန်ကတော့ ပေါင်သန်း ၂၀ ဝန်းကျင်နဲ့ ကမ်းလှမ်းထားပေမဲ့ မန်ယူဘက်က ပယ်ချထားပါတယ်။
မက်ဂွိုင်းယားဟာ နည်းပြတန်ဟတ် လက်ထက်မှာ ပုံမှန်ပွဲထွက်ကစားခွင့် ဆုံးရှုံးနေသလို အသင်းခေါင်းဆောင် ရာထူးကနေလည်း ဖယ်ရှားခံထားရပါတယ်။