အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီတောင်ဘက် ဂုရုဂရမ် စီးပွားရေးအချက်အချာ ရပ်ကွက်ထဲက လမ်းတချို့မှာ သြဂုတ် ၂ ရက်က လူသူကင်းမဲ့သွားပြီး မြို့တော်အတွင်း ပုံမှန်ထက် ယာဉ်ကြော ရှင်းလင်းနေပါတယ်။
ဒေသတွင်း ဟိန္ဒူနဲ့ မွတ်စလင်ပဋိပက္ခကြောင့် နှစ်ရက်အတွင်း သေဆုံးသူ ၇ ဦးအထိ တိုးလာတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
တနင်္လာနေ့မှာ မွတ်စလင်တွေ ကြီးစိုးရာ နားခရိုင်မှာ ဟိန္ဒူဘာသာဝင်တွေ စီတန်းလှည့်လည်နေတုန်း အကြမ်းဖက်မှု ဖြစ်ခဲ့တာပါ။ ရဲတပ်ဖွဲ့ဝင်နှစ်ဦး အပါအဝင် လူလေးဦး သေဆုံးပြီး လူ ၆၀ လောက် ဒဏ်ရာရခဲ့ပါတယ်။
မငြိမ်မသက်မှုတွေဟာ တနင်္လာနေ့ညမှာ အိမ်နီးနားချင်း ဂုရုဂရမ်အထိ ပျံ့နှံ့သွားကာ အင်္ဂါနေ့ အထိ ဗလီတခု မီးရှို့ခံရပြီး အဲဒီဗလီက ဘာသာရေးဆရာ သေဆုံးခဲ့ပါတယ်။
ဆိုင်တွေနဲ့ စားသောက်ဆိုင် အများအပြား မီးရှို့ ဖျက်ဆီးခံခဲ့ရသလို မြို့ခံတချို့လည်း ခြိမ်းခြောက်ခံရလို့ မြို့တွင်းကနေ ထွက်ပြေးခဲ့ကြရပါတယ်။
Source - Reuters