ဗြိတိန်လှေလှော်အားကစားအဖွဲ့ဟာ လိင်ပြောင်းအားကစားသမားတွေကို ဗြိတိန်လှေလှော် အမျိုးသမီးပြိုင်ပွဲတွေမှာ ကစားခွင့် ကန့်သတ်သွားတော့မယ်လို့ သြဂုတ် ၃ ရက်က ပြောကြားချက်ကို ဒေးလီးမေးလ်သတင်းဌာနက ကိုးကားဖော်ပြထားပါတယ်။
လိင်ပြောင်းကစားသမားတွေဟာ လက်ရှိမှာ ဗြိတိန်ရှိ ထိပ်တန်း အမျိုးသမီး လှေလှော်ပြိုင်ပွဲတွေမှာ ပါဝင်ယှဥ်ပြိုင်နေတာ ဖြစ်ပါတယ်။
သြဂုတ် ၃ ရက်နေ့မှာတော့ ဗြိတိန်လှေလှော်အားကစားအဖွဲ့ချုပ်ဟာ အမျိုးသမီး လှေလှော်ပြိုင်ပွဲတွေမှာ အမျိုးသမီးအဖြစ် မွေးဖွားလာသူတွေကိုသာ ပါဝင်ယှဥ်ပြိုင်ခွင့် ပြုမှာဖြစ်ပြီး လိင်ပြောင်းအားကစားသမားတွေကို ပါဝင်ယှဥ်ပြိုင်ခွင့်မပြုဘဲ ကန့်သတ်သွားဖို့ အဆိုပြုချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။
ဗြိတိန်လှေလှော်အမျိုးသမီးပြိုင်ပွဲလိုပဲ တခြား အိုလံပစ်အားကစားနည်းတချို့ဖြစ်တဲ့ ရေကူး၊ စက်ဘီးစီး၊ ပြေးခုန်ပစ်လို ဇီဝဗေဒဆိုင်ရာ အမျိုးသားတွေကို အမျိုးသမီးပြိုင်ပွဲတွေမှာ တားမြစ်ပိတ်ပင်ထားတာ ဖြစ်ပါတယ်။
ဗြိတိန်လှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ မတ်စ်ဒေးဗစ်က လိင်ပြောင်းလှေလှော်ကစားသမားအတွက် သီးခြားပွင့်လင်းတဲ့ ပြိုင်ပွဲအမျိုးအစား သတ်မှတ်ဖို့ အဓိကထောက်ခံတဲ့သူဖြစ်ပြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့လှေလှော်ကွန်ဂရက်မှာလည်း လိင်ပြောင်းသူတွေဟာ အမျိုးသမီး အားကစားသမားတွေ တိုးတက်မှုအတွက် ခြိမ်းခြောက်မှုရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ဗြိတိန်လှေလှော် တခြားဘုတ်အဖွဲ့ဝင်တွေကတော့ ဒေးဗစ်ရပ်တည်ချက်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ပြီး လိင်ပြောင်းသူတွေကို ဖယ်ထုတ်တာထက် အားကစားမှာ ပါဝင်ခွင့်ပေးသင့်တယ်လို့ ပြောပါတယ်။
လက်ရှိမှာ ဗြိတိန်လှေလှော်အဖွဲ့ချုပ်ဟာ ရွေးချယ်စရာသုံးခုအဖြစ် မဲခွဲခဲ့ပြီး အရင်အတိုင်း ယှဥ်ပြိုင်ဖို့၊ တက်စတိုစတီးရုန်း သွေးရည်ကြည်ပမာဏ တလီတာကို ၂ ဒသမ ၅ နာနိုလက်စ် ရှိတဲ့ လိင်ပြောင်းအမျိုးသားတွေကို ယှဥ်ပြိုင်စေဖို့နဲ့ အမျိုးသမီးအဖြစ် မွေးဖွားလာခဲ့သူတွေကိုသာ ယှဥ်ပြိုင်စေခြင်းတို့ ဖြစ်ပါတယ်။
မဲခွဲရလဒ်တွေ တရားဝင် ထုတ်ပြန်ခဲ့ခြင်း မရှိပေမဲ့ ၈၀ ရာခိုင်နှုန်းက အမျိုးသမီးတွေသာ ယှဥ်ပြိုင်ခွင့်ပြုဖို့ မဲပေးခဲ့တယ်လို့ တယ်လီဂရပ်ဖ်က ဖော်ပြခဲ့ပါတယ်။
Source - Daily Mail