Home
နိုင်ငံတကာ
ဂျပန်မှတင်သွင်းသည့် အစားအစာများကို တရုတ်က တင်းကျပ်စစ်ဆေးနေ
DVB
·
August 3, 2023
Japanese restaurant in Beijing_03082023

ဓာတ်ရောင်ခြည်ဆိုင်ရာ စိုးရိမ်ပူပန်တာတွေကြောင့် ဂျပန်ကနေ တင်သွင်းလာတဲ့ အစားအစာတွေကို တရုတ်အစိုးရက ပိုတိုးပြီး စစ်ဆေးနေတာ သီတင်း ၃ ပတ်ကျော်ရှိနေပြီး မြို့တော်ပေကျင်းက အဆင့်မြင့် ဆူရှီစားသောက်ဆိုင်ရဲ့ အနာဂတ်အတွက် စိုးရိမ်နေရပါပြီ။

ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းကမှ ဖြေလျှော့ပေးခဲ့တဲ့ ကိုဗစ်ကန့်သတ်ချက်တွေကို နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရတဲ့ ဂျပန်ဆူရှီစားသောက်ဆိုင်တွေဟာ ခုတော့ ဂျပန်နိုင်ငံက ဖူကူရှီးမား နျူးကလီးယားစက်ရုံက ရေဒီယိုသတ္တိကြွရေတွေကို ပင်လယ်ထဲစွန့်ပစ်ဖို့ ဂျပန်နိုင်ငံရဲ့ အစီအစဉ်တွေ မတိုင်မီ ဖောက်သည်တွေနဲ့ ပင်လယ်စာတွေ ပြတ်လပ်တာကို ရင်ဆိုင်နေရပါတယ်။

ပင်လယ်စာ ကုန်သည်ကြီးတွေရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက အခု တရုတ်ဆိပ်ကမ်းတွေမှာ စောင့်ဆိုင်းရမယ့်အချိန်က သီတင်းပတ် သုံးပတ်လောက်ရှိတယ်လို့ ဆိုပါတယ်။

ဖူကူရှီးမား စွန့်ပစ်ရေ ဖောက်ချရေး အစီအစဉ်အပေါ် မကြာသေးမီလတွေအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တရုတ်နိုင်ငံပိုင် မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ပြီး ဒီအစီအစဉ်ကို ကုလသမဂ္ဂ နျူးကလီးယား စောင့်ကြည့်ရေးအဖွဲ့က အတည်ပြုလိုက်ပြီးတဲ့နောက်မှာ ဒီသတင်းဖော်ပြမှု ပြန်မြင့်တက်လာခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံး ပင်လယ်စာတင်ပို့ရောင်းချတဲ့ဈေးကွက် ဖြစ်နေဆဲပေမဲ့ ဂျပန်အစားအစာတွေက ရေဒီယိုသတ္တိကြွမှုတွေဖြစ်ပြီး သပိတ်မှောက်သင့်တယ်လို့ပြောတဲ့ ပို့စ်တွေနဲ့ ဟက်တာတွေဟာ တရုတ်လူမှုကွန်ရက် မီဒီယာပေါ်မှာ ပျံ့နှံ့နေပါတယ်။

ဂျပန်စားသောက်ဆိုင်တွေအပေါ် သံသယတွေ အရှိန်အဟုန်ပြင်းလာပြီး ဖောက်သည် အရေအတွက်ဟာလည်း ၉၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ ဆိုင်ရှင် တာနိအိုခါ့က ပြောပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024