နာမည်ကြီး အဆိုတော် တေလာဆွစ်ဟာ ကမ္ဘာလှည့်ဖျော်ဖြေပွဲ Eras ခရီးစဉ်မှာ ပါဝင်ခဲ့တဲ့ သူရဲ့ အကသမားတွေ၊ ဟင်းချက်ပေးသူတွေ၊ ကုန်တင်ထရပ်ကားသမားတွေနဲ့ တခြားအလုပ်သမားတွေကို ဒေါ်လာသန်းချီ ဘောနပ်စ် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
တေလာဆွစ်ရဲ့ Eras Tour ဟာ အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ကျော်ရရှိနိုင်မယ့် အလားအလာနဲ့ ဖျော်ဖြေပွဲသမိုင်းမှာ အကြီးမားဆုံးဖြစ်လာဖို့ ရှိတယ်လို့ The Wall Street Journal က ခန့်မှန်းထားပါတယ်။
ဩဂုတ် ၁ ရက်က တောလာဆွစ်ဟာ သူရဲ့ ဖျော်ဖြေရေးခရီးစဉ်ကို လုပ်ဆောင်နေတဲ့ ကုန်တင် ထရပ်ကားသမားတစ်ဦးစီကို ဘောနပ်စ် ဒေါ်လာ ၁၀၀,၀၀၀ ချီးမြှင့်ခဲ့ပါတယ်။
ဒီထရပ်ကားသမားတွေဟာ သူ့ရဲ့ စတိတ်ရှိုးပွဲအတွက် စက်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ဖို့အတွက် တာဝန်ရှိတာဖြစ်ပြီး သူ့ရဲ့ခရီးစဉ်အတွက် ‘ထရပ်ကားအစီးရေ ၅၀ ဝန်းကျင်’ ရှိတာကြောင့် ဆွစ်ဟာ ထရပ်ကားသမားတွေအတွက် အမေရိကန်ဒေါ်လာ ၅ သန်း ထုတ်ပေးခဲ့တယ်လို့ TMZ က ပြောပါတယ်။
အဆိုတော်ဆွစ်ဟာ အကသမားတွေ၊ စင်ပေါ်မှာ စီစဉ်သူတွေ၊ အသံနည်းပညာရှင်တွေနဲ့ ဧည့်ခံသူတွေတွက် စုစုပေါင်းဆုကြေးငွေ အမေရိကန်ဒေါ်လာ ၅၅ သန်း ပေးအပ်ခဲ့ပါတယ်။
ဆွစ်ဟာသူ့ Eras Tour ရဲ့ အမေရိကန်နိုင်ငံတွင်း ဖျော်ဖြေပွဲတွေကို အခုအပတ် SoFi Stadium မှာ ကျင်းပမှာဖြစ်ပြီး ဒီနေရာဟာ ဖျော်ဖြေရေးအစီအစဉ် ၆ ခုထဲက ပထမဆုံးပွဲဖြစ်ပါတယ်။
ဆွစ်ဟာ ၂၀၂၄ခု မတ် ၂ ရက်မှာ စင်ကာပူအမျိုးသားအားကစားရုံမှာ ခြောက်ရက်ကြာ ဖျော်ဖြေသွားမှာဖြစ်ပြီး၊ စင်ကာပူနိုင်ငံသားတွေဟာ လက်မှတ်တွေရရှိဖို့ ရက်ပေါင်းများစွာကြာအောင် ကြိုးပမ်းခဲ့ရပါတယ်။
Source -CNA