Home
မြန်မာသတင်း
မုဒုံတွင် လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် အိမ် ၁၃ လုံး ပျက်စီး
DVB
·
August 2, 2023
MuDoneWindy 02082023
MuDoneWindy 02082023 2
MuDoneWindy 02082023 3
MuDoneWindy 02082023 5

မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှာ ဩဂုတ် ၂ ရက် မနက်အစောပိုင်းက လေပြင်းတိုက်ခတ်လို့ တောင်ပကျေးရွာနဲ့ ကလော့သော့ရွာတို့မှာ ပျက်စီးဆုံးရှုံးမှု‌တွေရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဌာနချုပ်က  ထုတ်ပြန်ပါတယ်။

ဒီမနက်အစောပိုင်း ၄ နာရီလောက်က စတင်တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် တောင်ပရွာရှိ အ.မ.က (မူလွန်) စာသင်ကျောင်းနဲ့ ကလော့သော့ကျေးရွာရှိ လူနေအိမ် ၁၃ လုံး ပျက်စီးခဲ့တာပါ။

မြို့ခံကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက “အိမ်က အားလုံး ၁၃ လုံး ပျက်စီးတာပေါ့။ ကျောင်းခန်းက ၃ ခန်း၊ သစ်ကိုင်းကျိုးတာလေးတွေ ရှိတယ်။ မနက် ၃ ခွဲ ၄ နာရီ လောက်ကတည်းက စတိုက်တာ၊ လူထိခိုက်တာတော့ မတွေ့ရဘူး” လို့ ပြောပါတယ်။

လေပြင်းကြောင့် အမက မူလွန်ကျောင်းရဲ့ Grade 1, Grade 2 နဲ့ Grade 3 အခန်းတွေက သွပ်ပြားအချပ် ၂၀၊ မျက်နှာကြက်သံတန်း ၇ ချောင်းနဲ့ မျက်နှာကြက်အမိုးတွေ ပြိုကျခဲ့ပြီး ခန့်မှန်းပျက်စီးမှုတန်ဖိုး ကျပ်သိန်း ၅၀ ခန့် ရှိတယ်လို့ သိရပါတယ်။

အဆိုပါ လေပြင်းကြောင့်ပဲ မုဒုံမြို့နယ်၊ ကလော့သော့ရွာရှိ လူ‌နေအိမ် ၁၃ လုံးရဲ့ သွပ်အမိုး အချပ် ၁၉၀ ကျော်၊ ဘေးအကာတွေနဲ့ သစ်ပင်တွေ ပြိုလဲပျက်စီးခဲ့ပြီး ပျက်စီးမှုခန့်မှန်းတန်ဖိုး ကျပ်သိန်း ၁၄၀ ခန့်ရှိပြီး အရပ်သား ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရပါတယ်။

လေပြင်းတိုက်ခတ်ခံရတဲ့နေရာတွေကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာနဲ့ အရပ်ဘက်ကယ်ဆယ်ရေး အသင်းတွေက ကူညီရှင်းလင်းပေးခဲ့တယ်လို့ သိရပြီး အ.မ.က (မူလွန်) ကျောင်းက ကျောင်းသား ကျောင်းသူ ၂၅၀ ကျော်ကို တောင်ပရွာ ဘုန်းကြီးကျောင်းမှာ ယာယီစာသင်ပေးနေပါတယ်။

ဓာတ်ပုံ - (မုဒုံ မီးသတ်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024