ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော်ထောင်ကနေ ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုထောင်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၅ ဦးအပါအဝင် အကျဉ်းသားပေါင်း ၁၉ ဦး ဩဂုတ် ၁ ရက်နေ့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
ပြန်လွတ်လာသူတွေထဲမှာ အမျိုးသား ၁၈ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ ပါဝင်ပြီး အဲဒီထဲကမှာ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆို ထောင်ချခံရသူ ၅ ဦးလည်း လွတ်မြောက်လာတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
မနေ့ ဒုတိယဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်း အကျဥ်းထောင်တွေမှာရှိတဲ့ အကျဥ်းသား ၇၇၄၉ ဦးကို စစ်ကောင်စီက ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးရာ လွိုင်ကော်အကျဉ်းထောင်က ၁၉ ဦး လွတ်မြောက်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၊ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တုန်းကလည်း စစ်ကောင်စီက အကျဉ်းသား ၇,၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ အကျဉ်းထောင်အသီးသီးက ပြန်လွှတ်ပေးရာမှာ လွိုင်ကော်အကျဉ်းထောင်ကနေ ပုဒ်မ ၅၀၅(ခ) နဲ့ ဖမ်းဆီးထောင်ချခံရသူ ၁၁ ဦး အပါအဝင် ၁၃ ဦး လွတ်မြောာက်ခဲ့ပါတယ်။
တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ကတော့ အာဏာသိမ်းပြီးချိန်ကစပြီး ကရင်နီမှာ မတရားဖမ်းဆိးခ့ထားရသူ ၁၉၂ ရှိပြီး ၂၀၂၃ ခုနှစ်မှာ ၉ ဦးရှိကြောင်း ဩဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။