Home
နိုင်ငံတကာ
အမျိုးသမီးများအပေါ် အကြမ်းမဖက်ရေး ဘူလ်ဂေးရီးယားတွင် ဆန္ဒပြ
DVB
·
August 2, 2023
Bulgarians protest_02082023

ဘူလ်ဂေးရီးယားနိုင်ငံသား ထောင်ပေါင်းများစွာဟာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ကိုင်တွယ်ဖြေရှင်းရာမှာ ပိုခိုင်မာအားကောင်းတဲ့ အစီအမံတွေ လုပ်ဆောင်ပေးဖို့ ဇူလိုင် ၃၁ ရက်က မြို့တော် ဆိုဖီယာရှိ တရားရုံး အဆောက်အအုံ အပြင်ဘက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

မကြာသေးခင်က စတာရာဇာဂိုရာမြို့မှာ အမျိုးသမီးငယ်တယောက် ဓားနဲ့ တိုက်ခိုက်ခံခဲ့ရပြီးနောက်မှာ ဒေါသထွက်ခဲ့ကြလို့ မြို့တော်နဲ့ နိုင်ငံတဝဝန်း မြို့ပေါင်း ၄၀ ကျော်မှာ လူစုလူဝေးတွေ စုရုံးခဲ့ကြပါတယ်။

ရည်းစားဖြစ်သူကို ဓားနဲ့ထိုးသတ်ပြီး ချုပ်ရိုးပေါင်း ၄၀၀ ကျော် ချုပ်ထားခဲ့တဲ့ အမျိုးသားတဦးကို အစောပိုင်းက တရားမစွဲဆိုဘဲ လွှတ်ပေးခဲ့တဲ့အတွက် လူတွေက လမ်းတွေပေါ် ရောက်လာကာ ဆန္ဒပြခဲ့ကြတာပါ။

သံသယရှိသူကို အခုခါ တရားခွင်မတိုင်ခင် အကြိုချုပ်နှောင်ထားကြောင်း ဘူလ်ဂေးရီးယား မီဒီယာတွေက ဖော်ပြပါတယ်။

ဘူလ်ဂေးရီးယားရှိ မိန်းကလေးတွေ ၃ ပုံ ၁ ပုံ နီးပါးဟာ သူတို့ရဲ့ ငယ်စဉ်ကလေးဘဝမှာ မိဘတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ကြုံတွေ့ခဲ့ရပြီး အမျိုးသမီး ၅ ပုံ ၁ ပုံလောက်ဟာ သူတို့ရဲ့ရင်းနှီးတဲ့ အဖော်ဖြစ်သူဆီကနေ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းအရဖြစ်စေ အကြမ်းဖက်မှုတချို့ကို ကြုံတွေ့ခဲ့ဖူးကြောင်း အမျိုးသားစာရင်းအင်းဌာနက နိုဝင်ဘာလမှာ ထုတ်ဝေတဲ့ လေ့လာမှုတခုက ပြထားပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024