လီဗာပူးအသင်းဟာ ဆောက်သမ်တန်ကွင်းလယ်လူ လာဗီယာအတွက် ပေါင် ၄၁ သန်းနဲ့ တရားဝင် ကမ်းလှမ်းခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။
စကိုင်းစပေါ့ရဲ့ ဖော်ပြချက်အရ ဆောက်သမ်တန်အသင်းဟာ အသက် ၁၉ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်အတွက် ပေါင်သန်း ၅၀ အလိုရှိနေတယ်လို့ သိရပါတယ်။
လီဗာပူးအသင်းဟာ ပေါင် ၃၇ သန်းနဲ့ ကနဦး ကမ်းလှမ်းမှုဟာလည်း ပယ်ချခံခဲ့ရတာကြောင့် ဒုတိယအကြိမ် ထပ်မံကမ်းလှမ်းခဲ့တာပါ။
လီဗာပူးအသင်းဟာ လာဗီယာကို နံပါတ်တစ်ပစ်မှတ်ထားပေမဲ့ အဆင်မပြေဖြစ်ခဲ့ရင် တခြားရွေးချယ်စရာ ကစားသမားတွေလည်း ရှာဖွေထားပါတယ်။
ဘရာဇီးကလပ် ဖလူးမင်နိစ်အသင်းက အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူ အန်ဒရီကို ခေါ်ယူဖို့ လျာထားတယ်လို့ သိရပါတယ်။