အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟာယနာပြည်နယ်မှာ လူမျိုးရေးအကြမ်းဖက်မှုတွေကြောင့် ဇူလိုင် ၃၁ ရက်က လူ ၃ ဦး သေဆုံးပြီး အနည်းဆုံး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။
လက်ယာယိမ်း ဟိန္ဒူအဖွဲ့တွေဖြစ်တဲ့ ဗစ်ရွှာဟင်ဒူ ပါရီရှက် အဖွဲ့နဲ့ ဘာ့ဂျ်ရံ(င်)ဒါလ် အဖွဲ့တွေဟာ ဟာယနာပြည်နယ်ရဲ့ နူးခရိုင်ရှိ မွတ်စလင်ရပ်ကွက်တလျှောက် ဘာသာရေးဆိုင်ရာ လှည့်လည်ပွဲ ကျင်းပနေချိန်မှာ ပဋိပက္ခတွေ ဖြစ်ခဲ့တာပါ။
တိုက်ခိုက်မှုတွေအတွင်း ဈေးဆိုင်တွေ၊ မော်တော်ယာဉ်တွေနဲ့ အများပြည်သူသုံး ဘတ်စ်ကားတွေလည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
နူးခရိုင်မှာ အင်တာနက်ဆက်သွယ်ရေးတွေကိုလည်း ယာယီရပ်ဆိုင်းထားပြီး ရဲတပ်ဖွဲ့နဲ့ အရန်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို လုံခြုံရေး ဖြန့်ကျက်ချထားပါတယ်။
နောက်ထပ် အကြမ်းဖက်မှုတွေ ပြန့်ပွားလာမှာကို စိုးရိမ်တာကြောင့် အနီးနားက ဂူးရုဂရမ်နဲ့ ဖှရီးဒဘက် ခရိုင်တွေမှာ ပညာရေးအဖွဲ့အစည်းတွေကို အင်္ဂါနေ့မှာ ပိတ်လိုက်တယ်လို့ အစိုးရက လူမှုမီဒီယာမှာ တင်ထားတဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Source - Reuters