မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့ကနေ ကော့ကရိတ်မြို့ဘက်ကို ဦးတည်ပြီး အာရှ လမ်းမကြီးအတိုင်းသွားနေတဲ့ ခရီးသည်တင်မှန်လုံကားတစီး သြဂုတ် ၁ ရက် ဒီနေ့ မနက် ၁၁ နာရီကျော်လောက်က အာရှလမ်းနတ်ရှင်ကွေ့မှာ တိမ်းမှောက်သွားတယ်လို့ ပုလဲဖြူနာရေးကူညီရေးအသင်းကနေ သိရပါတယ်။
မိုးသည်းထန်စွာရွာနေတဲ့အတွက် ခရီးသည်တင်ကားဟာ အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးထိုးကျ ကားတိမ်းမှောက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ကားပေါ်မှာ ပါလာသူ အနည်းဆုံး ၆ ဦး ဒဏ်ရာရသွားတာ ဖြစ်ပါတယ်။
ယာဉ်မတော်တဆဖြစ်တဲ့နေရာကို ကော့ကရိတ်မြို့ အခြေစိုက် ပုလဲဖြူအသင်း နာရေးကား ၃ စီးက သွားရောက်ကူညီရာမှာ ထိခိုက်ဒဏ်ရာရသူတွေကို သင်္ဃန်းညီနောင်ဘက်မှ ဆင်းလာတဲ့ နာရေးကားတချို့နဲ့ပူးပေါင်းပြီး မြဝတီမြို့ပြည်သူ့ဆေးရုံသို့ပိုဆောင် ဆေးကုသပေးနေတယ်လို့ ပုလဲဖြူနာရေးအသင်းက ရေးသားထားပါတယ်။
မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးပေါ်မှာ ကားငယ်တွေဟာ အရှိန်နဲ့ မောင်းလေ့ရှိတာကြောင့် မကြာခဏ မော်တော်ယာဉ် တိမ်းမှောက်လေ့ရှိတာဖြစ်ပါတယ်။