ရုရှားနိုင်ငံ မြို့တော် မော်စကိုဟာ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုရဲ့ ပစ်မှတ်ဖြစ်လာနေလို့ သြဂုတ် ၁ ရက်က မော်စကိုမြို့လယ်က အဆောက်အဦတွေ ပျက်စီးခဲ့ပြီး မှန်ပြတင်းပေါက်တွေ ကွဲအက်သွားခဲ့ပါတယ်။
ရုရှားစစ်တပ်ရဲ့ လေယာဉ်တိုက်ဖျက်ရေး တပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ အကြမ်းဖက် တိုက်ခိုက်မှုကို ဟန့်တားခဲ့တယ်၊ မော်စကိုမြို့တော်ကို ပစ်မှတ်ထား ကြဲချတဲ့ ဒရုန်းတွေကို ရုရှားတပ်ဖွဲ့တွေက ထိန်းချုပ်ခဲ့ပေမဲ့ လွတ်ထွက်သွားတဲ့ ဒရုန်းတစင်းက သီတင်းပတ် အစောပိုင်းက ပစ်ခတ်ခံရတဲ့ အလားတူ အထပ်မြင့်မျှော်စင်ကို ထပ်ထိမှန်သွားခဲ့တယ်လို့ ရုရှားစစ်တပ်က ပြောပါတယ်။
မော်စကိုမြို့တော်ဟာ ဇူလိုင် ၃၀ ရက်ကလည်း ဒရုန်းနဲ့တိုက်ခိုက်တာ ခံခဲ့ရပြီး ပျက်စီးဆုံးရှုံးမှု နည်းပေမဲ့ ကျယ်ကျယ်ပြန့်ပြန့် မငြိမ်မသက် ဖြစ်ခဲ့ပါတယ်။
မော်စကိုနဲ့ တခြား ရုရှားပစ်မှတ်တွေကို ယူကရိန်း တိုက်ခိုက်မှုဟာ ကြံရာမရလုပ်နေတာ ဖြစ်ပြီး တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ ဖြစ်နိုင်သမျှ အတိုင်းအတာအားလုံးကို ရုရှားက လုပ်ဆောင်နေတယ်လို့ ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က ပြောခဲ့ပါတယ်။
Source - Reuters