ကမ္ဘောဒီးယားနိုင်ငံတောင်ပိုင်းက ခရိုင်နှစ်ခုမှာ မုတ်သုံမိုး ရွာသွန်းပြီးတဲ့နောက် ရေကြီးရေလျှံခဲ့လို့ ဒေသခံတွေကို ကယ်ဆယ်ရေးသမားတွေက ဇူလိုင် ၃၀ ရက်မှာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။
သီဟာနုဗေလီခရိုင်က အဝေးပြေးလမ်းမကြီးရဲ့ အပိုင်းတပိုင်း ရေအောက်မှာ နစ်မြုပ်နေပြီး အာဏာပိုင်တွေက လူတွေနဲ့ ဆိုင်ကယ်တွေကို ကုန်းပေါ်ပို့ဖို့ စပိဘုတ်တွေကို သုံးနေရတာကို ပြည်တွင်းရုပ်သံလိုင်း PNN TV က ထုတ်လွှင့်ပြသခဲ့ပါတယ်။
အိမ်နီးနားချင်း ခမ်ပေါ့ခရိုင်မှာလည်း ရေကြီးမှုဒဏ်ကို ခံစားခဲ့ရပြီး အမျိုးသမီးတဦး သေဆုံးခဲ့သလို တဲထိုးသူတဦး ပျောက်ဆုံးနေတယ်လို့ ဇူလိုင် ၂၉ ရက်မှာ ဒေသခံ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
မိုးဆက်တိုက်ရွာနေလို့ ကလေးငယ်တွေကို ကုန်းမြင့်ဆီရွှေ့ဖို့၊ ခရီးသွားအပန်းဖြေ နေရာတွေနဲ့ ဝေးဝေးမှာနေကြဖို့ ရေဘေးသင့်ဒေသတွေက ပြည်သူတွေကို အာဏာပိုင်တွေက သတိပေးထားပါတယ်။
Source - Reuters