ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အတိုက်အခံပါတီက ဇူလိုင် ၂၉ ရက်မှာ စီစဉ်ကျင်းပခဲ့တဲ့ အထိုင်ဆန္ဒပြမှု အတွင်း ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
တစ်ဖက်မှာ အာဏာရပါတီအပေါ် ထောက်ခံသူတွေက တန်ပြန်စုရုံးကြဖို့ တောင်းဆို ခဲ့ပေမယ့် ရဲတပ်ဖွဲ့ကတော့ ငြိမ်းချမ်းမှုကို ထိန်းထားနိုင်အောင် ကြိုးပမ်းခဲ့ပါ တယ်။
လာမယ့် အမျိုးသားရွေးကောက်ပွဲ မတိုင် ခင်မှာ လက်ရှိအစိုးရအနေနဲ့ ရာထူးကနှုတ်ထွက်ကာ အိမ်စောင့်အစိုးရတစ်ရပ် ဖွဲ့စည်းပေးဖို့အတွက် ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP)က တောင်းဆိုထားတာပါ။
ဒါ့အပြင် အတိုက်အခံပါတီရဲ့ ဆန္ဒပြပွဲအတွင်း မြို့တော်ဒါကာ ရဲ့ ဝင်ပေါက်ဖြစ်တဲ့ လမ်းမပေါ်မှာ ဘတ်စ်ကားတွေနဲ့ တာယာတွေကို မီးတင်ရှို့ခဲ့ကြတယ်လို့ သိရပါတယ်။
အာဏာရဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာရဲ့ အစိုးရကတော့ ဒီတောင်းမှုတွေအပေါ်မှာ ငြင်းပယ်ထားပါတယ်။
ဇူလိုင် ၂၈ ရက်နေ့ တုန်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တစ်ဝှမ်းမှာရှိတဲ့ အတိုက်အခံပါတီ BNP အပေါ် ထောက်ခံသူ သောင်းနဲ့ချီဟာ လမ်းတွေ ပေါ် ထွက်ရင်း ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
Source-Reuters