တူရကီနိုင်ငံ အနောက်တောင်ပိုင်းက ကျောက်မီးသွေးတွင်းကို ချဲ့ထွင်နိုင်ရေး လမ်းဖောက်ဖို့ သစ်ပင် တွေ ခုတ်လှဲတာကို ကန့်ကွက်ဆန္ဒပြနေကြတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေကို ဇူလိုင် ၂၉ ရက်က လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရေအမြောက်တွေ ငရုတ်ကောင်းဖြန်းရည်တွေသုံးပြီး လူစုခွဲခဲ့ပါတယ်။
သစ်ပင် ခုတ်လှဲတာ ရပ်ဖို့ တက်ကြွ လှုပ်ရှားသူ တွေက စခန်းချထားတဲ့ မဂ္ဂလာ ပြည်နယ်ထဲက သစ်တောဧရိယာကို အဓိကရုဏ်းနှိမ်နင်းရေး ကိရိယာတွေ တပ်ဆင်ထားတဲ့ အရံရဲတွေက ဝိုင်းရံထားပါတယ်။
သစ်ခုတ်တဲ့ ကုန်ကားတွေကို လမ်းမှာ ပိတ်ထားလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရေအမြောက် တွေ သုံးပြီး လူစုခွဲခဲ့ပါတယ်။
သစ်တောတွေကို စပြီး ခုတ်ထွင်ရှင်းလင်းကတည်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား တွေက တူရကီအနောက် တောင်ပိုင်းမှာ ငါးရက်ကြာ ဆန္ဒပြခဲ့ကြတာပါ။ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်အပြီး လူ ဒါဇင်နှင့်ချီ ဖမ်းဆီးခံခဲ့ရ ပါတယ်။
Source-Reuters