Home
မြန်မာသတင်း
မြောင်တွင် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူများနိုင်
DVB
·
July 30, 2023
362919369_804846711368617_4562115353695777451_n

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ ဇူလိုင် ၂၉ ရက်နေ့ မနေ့ မွန်းလွဲပိုင်းက စစ်ကောင်စီသင်္ဘောကို လုံခြုံရေးလာပေးတဲ့ စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူများတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောကို လုံခြုံရေးလာပေးတဲ့ ကျောက်ရစ်ရဲစခန်းက စစ်ကောင်စီတပ်သားတွေနဲ့ရဲအင်အား ၆၀ လောက်ကို မနေ့မွန်းလွဲ ၂ နာရီလောက်က ကျောက်တန်းကျေးရွာနားမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်တွေက တိုက်ခိုက်ခဲ့ကြတာလို့ မြင်းခြံ Black Tiger တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဒီဗွီဘီကို ပြောပါတယ်။

နှစ်ဖက်အပြန်အလှန်ထိတွေ့တိုက်ပွဲ တနာရီခွဲကြာလောက်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်တပ်ဘက်က အများအပြားသေဆုံးဒဏ်ရာရနိုင်ပေမယ့် သေဆုံးဒဏ်ရာရသူ အရေအတွက်ကို အတိကျသိရှိနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ဆိုပါတယ်။

ပုဂံပြည်ဘီလူးတပ်ရဲ့ တာဝန်ရှိသူတယောက်က  "အလစ်အငိုက်တိုက်ခဲ့ရတာပါ။ သူတို့ စစ်ကြောင်းကတော့ အင်အားများတယ်။ စစ်ရေယာဉ်တွေမှာ လက်နက်ကြီးတွေပါတော့ အနားမကပ်နိုင်တဲ့အတွက် အင်အားတော့မသိရဘူး။ မြေပြင်ရေပြင်နှစ်ခုလုံးတော့ အထိအခိုက်ရှိတယ်။ ဘယ်နှစ်ယောက်လဲဆိုတာတော့ အတည်တော့မပြုနိုင်ပါဘူး" လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြင်းခြံ Black Tiger တပ်ဖွဲ့၊ သွေးသောက်တပ်ဖွဲ့၊ Popa Production & Guerilla Force -PPGF၊ ရွှေညာမြေ အထူးကွန်မန်ဒိုတပ်ဖွဲ့၊ Bagan Ogre Force - ပုဂံပြည်ဘီလူးတပ်၊ ရန်ကြီးအောင် PDF နဲ့ မြောင်မြို့နယ် ဒေါင်းမင်းကြီးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်အကြမ်းဖက်စစ်စခန်းကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စခန်းတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မုံရွာခရိုင်အမှတ်၁၂ တပ်ရင်းတပ်ခွဲ၃က ထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၆ ရက်နေ့ကလည်း မြောင်မြို့နယ်၊ ကျောက်ရစ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ရှော့တိုက်ဒုန်း ၆ လုံးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စခန်းဝင်းထဲကို ၄ လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024