အင်္ဂလန်ထိပ်သီးကလပ် မန်ချက်စတာစီးတီးတောင်ပံကစားသမား မာရက်ဇ်ကို ခေါ်ယူနိုင်ခဲ့တယ်လို့ ဆော်ဒီကလပ်အယ်အာလီအသင်းက ဇူလိုင် ၂၈ ရက်နေ့မှာ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဆော်ဒီကလပ်အယ်အာလီအသင်းဟာ ကျောနံပါတ် ၂၆ ဝတ်ဆင်မယ့် မာရက်ဇ်အတွက် မန်စီးတီးအသင်းကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ ပေးခဲ့ရပြီး ၄ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
မာရက်ဇ်ဟာ အယ်အာလီအသင်းမှာ လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဖာမီနို၊ ချဲလ်ဆီးဂိုးသမား မန်ဒီတို့နဲ့ တွဲဖက်ကစားရမှာဖြစ်ပါတယ်။
မာရက်ဇ်က "မယုံနိုင်စရာကောင်းတဲ့ကစားသမားတွေ ကောင်းမွန်တဲ့ပရိတ်သတ်တွေနဲ့ ကမ္ဘာ့အကောင်းဆုံးနည်းပြနဲ့လက်တွဲခဲ့တဲ့ ၅ နှစ်တာကို ငါမမေ့နိုင်တော့ပါဘူး။ မန်ချက်စတာစီးတီးဟာ ကျနော့်ဘဝရဲ့ ကြီးမားပြီး ပျော်ရွှင်စရာကောင်းတဲ့ အစိတ်အပိုင်းအဖြစ်ရှိနေပါမှာ" လို့ မန်စီးအသင်းကိုနှုတ်ဆက်စကားဆိုခဲ့ပါတယ်။
ယခုရာသီမန်ချက်စတာစီးတီး ဖလား ၃ လုံး ရရှိမှုမှာ မာရက်ဇ်ဟာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့ပြီး ၄၆ ပွဲပါဝင်ကစားကာ ၁၅ ဂိုးသွင်းပြီး ၁၃ ဂိုးဖန်တီးပေးခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ်မာရက်ဇ်ဟာ မန်ချက်စတာစီးတီးအသင်းမှာ ၅ ရာသီကစားခဲ့ပြီး ပရီးမီးယားလိဒ်ဖလား ၄ ကြိမ်၊ ချန်ပီယံလိဒ် ၁ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်နဲ့ ကာရာဘောင်ဖလား ၃ ကြိမ်တို့ကိုရယူခဲ့ပါတယ်။
မာရက်ဇ်ဟာ ၂၀၁၅-၁၆ မှာ လက်စတာစီးတီးအသင်းနဲ့လည်း ပရီးမီးယားလိဒ်ဖလား ရယူခဲ့ပါသေးတယ်။