မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့မှာ ဇူလိုင် ၂၇ ရက်ညပိုင်းက ကျင်းပခဲ့တဲ့ စစ်ရေးပြပွဲကြီးအတွင်း နောက်ဆုံးပေါ် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။
အကြီးအကျယ်ပြုလုပ်ခဲ့တဲ့ ဒီစစ်ရေးပြပွဲကို ဇူလိုင် ၂၈ ရက်က နိုင်ငံပိုင်ရုပ်သံမှာ ထုတ်လွှင့်ပြသခဲ့တာပါ။
ဒီစစ်ရေးပြပွဲအတွင်း မြောက်ကိုရီးယားနိုင်ငံရဲ့ ဟာဆောင်-၁၇ နဲ့ ဟာဆောင်-၁၈ လိုမျိုး နောက်ဆုံးပေါ် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တွေ ပါဝင်တယ်လို့ KCNA နိုင်ငံပိုင် သတင်းအေဂျင်စီအရ သိရပါတယ်။
ဒီ ဒုံးကျည်တွေဟာ အမေရိကန်နိုင်ငံထဲက နေရာတိုင်းကို ထိမှန်အောင်ပစ်ခတ်နိုင်စွမ်း ရှိတယ်လို့ ယူဆထားကြပါတယ်။
ဒါ့အပြင် နျူးကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ ဟာအီလ်စနစ်သုံး ရေအောက်တိုက်ခိုက်ရေး ဒရုန်းအသစ်အပါအဝင် အခြားတိုက်ခိုက်ရေးနဲ့ ထောက်လှမ်းရေး ဒရုန်းအသစ်တွေကိုပါ ဒီစစ်ရေး ပြပွဲအတွင်း ပျံသန်းပြသခဲ့ပါတယ်။
မြောက်ကိုးရီးယားရဲ့ ရေအောက်တိုက်ခိုက်ရေး ဒရုန်းအသစ်ကိုတော့ ပြီးခဲ့တဲ့မတ်လကမှ စမ်းသပ်ခဲ့တာပါ။
ကိုရီးယားစစ်ပွဲ အဆုံးသတ်ခဲ့တဲ့ နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် ဒီစစ်ရေးပြပွဲကို ကျင်းပခဲ့တာ ဖြစ်ပြီး မြောက်ကိုရီးယားမှာတော့ "အောင်ပွဲနေ့" လို့ သိထားကြပါတယ်။
ဒီအခမ်းအနားမှာ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီ ရွှိုင်းဂူနဲ့အတူ တရုတ်ပေါ်လစ်ဗျူရိုအဖွဲ့ဝင် လီဟောင်ကျောင်တို့ တက်ရောက်ခဲ့ကြပါတယ်။
Source-Reuters