အင်္ဂလန်အမျိုးသမီးအသင်းအတွက် အနိုင်ဂိုးသွင်းခဲ့တဲ့ လော်ရန်ဂျိမ်းစ်ကို ပရိတ်သတ်တွေနဲ့ သူ့ရဲ့ အစ်ကိုဖြစ်သူ ချဲလ်ဆီး နောက်ခံလူ ရိစ်ဂျိမ်းစ်က ချီးကျူးသွားပါတယ်။
လော်ရန်ဂျိမ်းစ်ဟာ ဒိန်းမတ်ကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုဒုတိယပွဲစဉ်မှာ အနိုင်ဂိုးသွင်းခဲ့တာပါ။
သူဟာ ကိုက် ၂၀ အကွာကနေ အနိုင်ဂိုးသွင်းခဲ့တာဖြစ်ပြီး အင်္ဂလန်ပရိသတ်တွေကလည်း ချီးကျူးနေကြတာပါ။
ချဲလ်ဆီးနောက်ခံလူ ရိစ်ဂျိမ်းစ်ကတော့ ညီမဖြစ်သူ လော်ရန်ဂျိမ်းစ်အောင်ပွဲခံနေတဲ့ ဓာတ်ပုံတစ်ပုံနဲ့အတူ “သူအောင်မြင်လာပြီ” ဆိုပြီး ချီးကျူးဂုဏ်ပြုခဲ့တာပါ။
ဒါ့အပြင် ညီမဖြစ်သူအတွက်ဂုဏ်ယူကြောင်းလည်း ငယ်စဉ်က ဘောလုံးကစားနေတဲ့ လော်ရန်ဂျိမ်းစ်ရဲ့ ဓာတ်ပုံတစ်ပုံနဲ့အတူ ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပါတယ်။
မောင်နှစ်မ နှစ်ယောက်ဟာ တစ်ဦးနဲတစ်ဦး အားပေးဂုဏ်ပြုလေ့ရှိပြီး ရိစ်ဂျိမ်းစ်ချန်ပီယံလိဂ် ဆုဖလားရရှိစဉ်တုန်းကလည်း လော်ရန်ဂျိမ်းစ်က ကွင်းထဲအထိဝင်ရောက်ပြီး ဓာတ်ပုံအတူရိုက်ကာ အောင်ပွဲခံခဲ့ပါတယ်။