အမေရိကန် ရေတပ် တိုက်လေယာဉ်မှူးဟောင်း နှစ်ယောက်နဲ့ ထောက်လှမ်းရေး အရာရှိဟောင်း တယောက်တို့ဟာ UFO လို့ခေါ်တဲ့ အမျိုးအမည် မသိ ပျံသန်းနေတဲ့ အရာဝတ္ထုတွေနဲ့ အမည်မသိ ထူးဆန်းသော ဖြစ်ရပ်ဆန်း (UAPs)တွေ အကြောင်း ဇူလိုင် ၂၆ က လွှတ်တော်မှာ ကြားနာ သက်သေထွက်ဆိုခဲ့ပါတယ်။
UFO တွေကို မြင်ဖူးတယ်လို့ ယူဆရတဲ့ သူတို့ရဲ့ အတွေ့အကြုံတွေကို ပြန်ပြောရင်း ဒီအမည်မသိအရာဝတ္ထုတွေဟာ အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှု ဖြစ်ကြောင်း သတိပေးနေချိန်မှာ UAPs တွေအကြောင်း ပိုပွင့်လင်းမြင်သာမှု ရှိရှိ ချပြဖို့ အမေရိကန်အစိုးရကို တောင်းဆိုခဲ့ပါတယ်။
အောက်လွှတ်တော် ကြီးကြပ်ရေးနဲ့ တာဝန်ခံမှု ကော်မတီက UAP တွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေတဲ့ ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်တစ် လွှတ်တော်အမတ်တွေ နှစ်ဖက်စလုံးနဲ့ ကြားနာစစ်ဆေး ခဲ့ပါတယ်။
လေယာဉ်မှူးတွေဟာ လေ့ကျင့်ရေး ဆင်းတဲ့အခါ UAP တွေက လေ့ကျင့်ရေးကွင်းတွေပေါ်မှာ အကျိုးသက်ရောက်မှုရှိလာနေပြီး လေယာဉ်မှူးတွေက အရာဝတ္ထုတွေကိုမြင်ရပေမဲ့ အဲဒါတွေက ဘာတွေမှန်း မသိကြဘူးလို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူကလည်း ပြောပါတယ်။
Source-Reuters