Home
နိုင်ငံတကာ
အမေရိကန် တာဝန်ရှိသူများနှင့် တာလီဘန်ကိုယ်စားလှယ်တို့ ကာတာတွင် တွေ့ဆုံမည်
DVB
·
July 27, 2023
US officials to meet Taliban in Doha
US officials to meet Taliban in Doha

အမေရိကန်အစိုးရ တာဝန်ရှိသူတွေဟာ ခုသီတင်းပတ်အတွင်း ကာတာနိုင်ငံရဲ့မြို့တော် ဒိုဟာမြို့ကို အလည်အပတ်ရောက်နေတုန်း အာဖဂန်နစ္စတန်ရဲ့ အဓိကဝန်ကြီးဌာနတွေက တာလီဘန် ကိုယ်စားလှယ်တွေ၊ နည်းပညာကျွမ်းကျင်ပညာရှင်တွေနဲ့ တွေ့ဆုံမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဇူလိုင် ၂၆ ရက်မှာ ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် သောမတ်စ်ဝက်စ်နဲ့ အာဖဂန် အမျိုးသမီးများ၊ မိန်းကလေးများနဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ရီနာအာမီရီတို့ဟာ ကာတာနိုင်ငံ အဲ့စ်တာနာ၊ ကာဇက်စတန်နဲ့ ဒိုဟာမြို့တွေကို ဇူလိုင် ၂၆ ရက်ကနေ ဇူလိုင် ၃၁ ရက်အထိ သွားကြမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန် တာဝန်ရှိသူတွေဟာ ဒိုဟာမှာ တာလီဘန် ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံပြီး အာဖဂန်နစ္စတန်အတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှု၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ၊ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ၊ အာဖဂန်စီးပွားရေး တည်ငြိမ်ရေးနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုတွေကို ဆွေးနွေးမယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

နှစ် ၂၀ ကြာ ပဋိပက္ခအပြီး နေတိုးနဲ့ အမေရိကန်တပ်တွေ အာဖဂန်ကနေ ပြန်ဆုတ်ခွာချိန်မှာ တာလီဘန်တွေဟာ ၂၀၂၁ ခုနှစ်မှာ အာဏာပြန်ရခဲ့တာပါ။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024