အမေရိကန်တပ်ဖွဲ့တွေဟာ သြစတြေးလျတပ်ဖွဲ့တွေနဲ့အတူ တာလေမန် ဆေဘာ စစ်ရေးလေ့ကျင့်မှုတရပ်ကို လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်အတွင်း အကြီးအကျယ် ပူးပေါင်းလေ့ကျင့်ခဲ့ပါတယ်။
နှစ်စဉ်နှစ်တိုင်းပြုလုပ်တဲ့ ပူးတွဲကြိုးပမ်းချက်အတွင်း အိန္ဒိယသမုဒ္ဒရာထဲမှာ ရေတပ်တွေ လေ့ကျင့်ခဲ့ပြီး သြစတြေးလျနိုင်ငံတဝန်းက စစ်အခြေစိုက်စခန်းတွေမှာပါ ကွင်းဆင်း လေ့ကျင့်ခဲ့ကြပါတယ်။
အသစ်ထွက်လာတဲ့ ဗွီဒီယိုထဲမှာ သြစတြေးလျ ရေတပ်သင်္ဘော HMS အက်ဒယ်လိတ်ရဲ့ ကုန်းပတ်ပေါ်မှာ အမေရိကန်ရဲ့ အော့စ်ပရေးလေယာဉ် ဆင်းသက်တာကို ပြသခဲ့ပါတယ်။
တခြားဗီဒီယိုထဲမှာတော့ ကွင်းစလန်ပြည်နယ်က စစ်ဆင်ရေးတခုအတွင်း မောင်းသူမဲ့ လေယာဉ်တွေကို လွှတ်တင် ထိန်းချုပ်နေတဲ့ တပ်ဖွဲ့ဝင်တွေကို ပြသခဲ့ပါတယ်။
Source - Reuters