စပိန်လာလီဂါကလပ် ဘက်တစ်အသင်းဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမားဟောင်း အစ္စကိုကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ ဇူလိုင် ၂၇ ရက် ဒီနေ့မှာပဲ တရားဝင် ကြေညာခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ် အစ္စကိုဟာ ရီးရဲလ်ဘက်တစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းခဲ့တာဖြစ်ပြီး တနှစ်စာချုပ် ချုပ်ဆိုကာ ကျောနံပါတ် ၂၂ ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။
အစ္စကိုဟာ ဆီဗီလာအသင်းကို ၂၀၂၂ သြဂုတ်လက ပြောင်းရွေ့ခဲ့ပေမဲ့ လေးလအကြာမှာ စာချုပ်ဖျက်သိမ်းခဲ့တာကြောင့် အသင်းလက်မဲ့ ဖြစ်နေပါတယ်။
အစ္စကိုဟာ ရီးရဲလ်မက်ဒရစ်မှာ ၉ နှစ်အတွင်း ပွဲပေါင်း ၃၅၃ ပွဲ ကစားခဲ့ပြီး ၅၃ ဂိုးသွင်းယူခဲ့ကာ ချန်ပီယံလိဂ် ၅ ကြိမ်၊ လာလီဂါဖလား ၃ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၂၂ လုံး ဆွတ်ခူးခဲ့ပါတယ်။
အစ္စကိုဟာ စပိန်လက်ရွေးစင်အသင်းအတွက်လည်း ၂၀၁၉ ခုနှစ်အထိ ကစားခဲ့ပြီး ၃၇ ပွဲမှာ ၁၂ ဂိုး သွင်းယူခဲ့ပါတယ်။