တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ဂန်စုပြည်နယ်က အထင်ကရ ဘုရားကျောင်းတခုအတွင်း ဧရာမ ဗုဒ္ဓရုပ်ပွားတော်တဆူ ဇူလိုင် ၂၄ ရက်က မီးလောင်ခဲ့တယ်လို့ တရုတ်အစိုးရမီဒီယာက ဇူလိုင် ၂၆ ရက်မှာ ဖော်ပြပါတယ်။
တနင်္လာနေ့ မနက်အစောပိုင်းက ဂန်စုပြည်နယ် ရှန်းတန်းမြို့နယ်မှာရှိတဲ့ ရှန်းတန်း ဗုဒ္ဓဘာသာဘုရားကျောင်းမှာ မီးလောင်ခဲ့တာဖြစ်ပါတယ်။ မီးငြှိမ်းသတ်ပြီးနောက် ဗုဒ္ဓရုပ်ပွားတော်ရဲ့ တစိတ်တပိုင်း ကျန်ရှိနေပုံပေါ်ပေမဲ့ ဘုရားကျောင်း အဆောက်အဦ အစိတ်အပိုင်း အတော်များများ ပျက်စီးခဲ့ပါတယ်။
ဒီရုပ်တုဟာ အေဒီ ၄၂၅ ခုနှစ်ဝန်းကျင်က မူလပုံစံတူအဖြစ် ၁၉၉၈ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ယဉ်ကျေးမှုတော်လှန်ရေးကာလမှာ ပျက်စီးခဲ့တယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။
ဇူလိုင် ၂၅ ရက်မှာ ဒေသဆိုင်ရာ ဝါဒဖြန့်ချိရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မီးလောင်မှုကြောင့် ထိခိုက်သေဆုံးသူမရှိဘဲ ဘုရားကျောင်းရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ မပျက်စီးသေးဘူးလို့ အတည်ပြုပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
Source - Reuters