ရုရှားမြို့တော် မော်စကိုမြို့မှာရှိတဲ့ အဆောက်အအုံတွေကို ဇူလိုင် ၂၄ ရက်က ဖျက်ဆီးခဲ့တဲ့ ဒရုန်းတွေအကြောင်း အမေးမြန်းခံရပြီးနောက် ရုရှားနိုင်ငံအတွင်း တိုက်ခိုက်မှုတွေကို မထောက်ခံဘူးလို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောလိုက်ပါတယ်။
ရုရှားနိုင်ငံမြို့တော်မှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဌာနချုပ်နဲ့ အနီးတဝိုက်မှာရှိတဲ့ အဆောက်အအုံတွေ အပါအဝင် ဒရုန်းနှစ်စင်း ပျက်စီးသွားပြီးနောက် ယူကရိန်းအပေါ် ပြင်းထန်တဲ့ လက်တုံ့ပြန်မယ့် စီမံချက်တွေ ချမှတ်ခဲ့တယ်လို့ ရုရှားက ပြောဆိုခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရဘူးလို့ ယူကရိန်း အကြီးတန်းအရာရှိတဦးက ပြောပါတယ်။
ရုရှားစစ်တပ်က သူ့ရဲ့ “အထူးစစ်ရေးစစ်ဆင်ရေး” လို့ခေါ်ပြီး အကျဉ်းချုံးဖော်ပြတဲ့ မော်စကို အဆောက်အအုံအနားမှာ ဒရုန်းတစင်းက ယူကရိန်းဒရုန်းတွေရဲ့ လက်လှမ်းမီမှုကို မီးမောင်းထိုးပြတဲ့ သင်္ကေတဖြစ်ပါတယ်။
ရုရှားနိုင်ငံအတွင်း ဒါမှမဟုတ် ရုရှားထိန်းချုပ်နယ်မြေအတွင်း တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ယူကရိန်းအစိုးရက ရှားရှားပါးပါး မှတ်ချက်ပေးလေ့ရှိပါတယ်။
အိုဒက်ဆာဒေသအတွက် ရုရှားအကြမ်းဖက်သမားတွေကို လက်တုံ့ပြန်တာလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဇူလိုင် ၂၄ ရက်မှာ ပြောဆိုခဲ့ပါတယ်။
ရုရှားရဲ့ ဝဂ္ဂနာ ကြေးစားစစ်တပ်အုပ်စုဟာ ပိုလန်နိုင်ငံထဲကို ထိုးဖောက်ချီတက်ဖို့ စိတ်အားထက်သန်နေခဲ့တယ်လို့ ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက ပြောခဲ့တယ်ဆိုတဲ့ မှတ်ချက်နဲ့ပတ်သက်ပြီး တာဝန်ယူစိတ် ကင်းမဲ့သူအဖြစ် အမေရိကန် အစိုးရက ဇူလိုင် ၂၄ ရက်မှာ ဝေဖန်လိုက်ပါတယ်။
ဘယ်လာရုစ် ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဝဂ္ဂနာ တိုက်ခိုက်ရေးသမားတွေဟာ ပိုလန်နယ်စပ်ကနေ မိုင်နည်းနည်းအကွာ စစ်စခန်းတခုထဲမှာ ဘယ်လာရုစ် အထူးတပ်ဖွဲ့ဝင်တွေကို စပြီး သင်တန်းပေးနေပြီလို့ ဇူလိုင် ၂၀ ရက်က ပြောပါတယ်။
ဘယ်လာရုစ်ကို တိုက်ခိုက်တာမလုပ်ဖို့ ပိုလန်ကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သတိပေးခဲ့တဲ့ မှတ်ချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အမေရိကန်ဟာ နေတိုး မဟာမိတ်ဖြစ်တဲ့ ပိုလန်ကို ကာကွယ်စောင့်ရှောက်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ မက်သယူး မေလာက ထပ်လောင်း ပြောဆိုပါတယ်။
ပြီးခဲ့တဲ့လက ရုရှားမှာ ဝဂ္ဂနာတပ်တွေရဲ့ ခဏကြာ ပုန်ကန်မှုဖြစ်အပြီး ဘယ်လာရုစ်ကို ပြောင်းသွားတဲ့ ဝဂ္ဂနာတပ်တွေ ပိုလန်နယ်စပ်ကို ပြောင်းရွှေ့ ရောက်ရှိလာတာကို တုံ့ပြန်တဲ့အနေနဲ့ ပိုလန်ကလည်း ဘယ်လာရုစ်နယ်စပ်ဆီကို တပ်အကူတွေ ထပ်ပြီး ရွှေ့နေပါတယ်။
Source - Reuters