ပဲရစ်မြို့ရဲ့ ၂၀၂၄ ခုနှစ် အိုလံပစ်ပွဲတော်ကျင်းပဖို့ တနှစ်အလိုမှာ ထောင်နဲ့ချီတဲ့ ပရိသတ်တွေကို ပြစ်သစ်နိုင်ငံရဲ့ မြို့တော်မှာ ကြိုဆိုမယ့် အခမ်းအနားပွဲတွေကို ဇူလိုင် ၂၄ ရက်က ထုတ်ဖော် ပြသခဲ့ပါတယ်။
ပြင်သစ်နိုင်ငံတဝန်းမှာ ပရိသတ်တွေအတွက် ပဲရစ်မြို့က ပရိသတ်ဇုန် ၂၃ ခု အပါအဝင် ကြည်ရှုလို့ရနိုင်မယ့် ဖန်သားပြင်တွေကို နေရာ ၂၀၀ ကျော်လောက် ပြင်ဆင်ထားပါတယ်။
ဒါ့အပြင် အားကစားနဲ့ ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုတွေမှာ ပါဝင်ပြီး ကစားသမားတွေကို အားပေးလို့ရအောင်လည်း စီစဉ်ထားပါတယ်။
ပရိသတ်တွေ ကြည့်ရှုလို့ရမယ့် ဇုန်နေရာတွေမှာ ဘယ်သူမဆို အခမဲ့ဝင်ခွင့်ရရှိမယ်လို့ ပွဲစီစဉ်သူတွေက ပြောထားပါတယ်။
ပဲရစ်မြို့မှာတော့ အဓိက ပရိသတ်တွေ ကြည့်ရှုလို့ရမယ့် နေရာတခုကို တရိုကာဒီရို စကွဲက ချန်ပီယံပန်းခြံမှာ စီစဉ်ထားပြီး အဲ့ဒီနေရာဟာ အီဖယ်တာဝါရဲ့အရှေ့မှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။
ဆုရရှိတဲ့ အားကစားသမားတွေအားလုံး အဲ့ဒီနေရာကို လာရောက်ပြီး ပရိသတ်တွေနဲ့အတူ အောင်ပွဲခံနိုင်ဖို့အတွက် ပြင်ဆင်ထားတာလည်း ဖြစ်ပါတယ်။
ပြင်သစ်အသင်း ပရိသတ်တွေ အတွက်ကတော့ ပါရီမြို့ Parc de la Villette မှာ တည်ရှိတဲ့ ပြင်သစ်ကလပ်မှာ အတူအောင်ပွဲခံဖို့ ကိုယ်ပိုင်ဇုန်တခုလည်း ရှိမယ်လို့ သိရပါတယ်။
ပဲရစ် ၂၀၂၄ အိုလံပစ်ပွဲတော်ကာလ ၁၀ ရက်တာအတွင်း ပြင်သစ်ကလပ်မှာ ပရိသတ် ၇ သိန်းနဲ့ ချန်ပီယံပန်းခြံမှာ ၁ သိန်းခွဲ အပါအဝင် ပြင်သစ်တဝန်းက ပရိသတ်ဇုန်နေရာတွေမှာ လူဦးရေ သန်းနဲ့ချီ လာရောက်ကြဖို့ မျှော်မှန်းထားကြပါတယ်။
Source - Reuters