မြောက်ကိုရီးယားက ဇူလိုင် ၂၄ ရက်မှာ ဒုံးကျည်နှစ်စင်း ပင်လယ်ထဲပစ်လွှတ်ခဲ့တာဟာ နိုင်ငံတကာ အသိုက်အဝန်းအတွက် ခြိမ်းခြောက်မှုအဖြစ် အမေရိကန်သမ္မတ အိမ်ဖြူတော်က ရှုတ်ချခဲ့ပါတယ်။
ဆွေးနွေးပွဲမှာပါဝင်ဖို့ အမေရိကန်က မြောက်ကိုရီးယားကို တောင်းဆိုထားတယ်လို့ အိမ်ဖြူတော် သတင်းထောက် ကာရင်း ယွန်းပီးယဲက ပြောပါတယ်။
မြောက်ကိုရီးယားဟာ ဇူလိုင် ၂၄ ရက်နှောင်းပိုင်းမှာ သူ့နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကနေ ပင်လယ်ထဲကို ပဲ့ထိန်းဒုံးကျည် နှစ်စင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
ဒုံးကျည်တွေဟာ နာရီနည်းနည်းအကြာမှာ တောင်ဘက်က ရေတပ်အခြေစိုက်စခန်းတခုဆီ ရောက်ရှိခဲ့တယ်လို့ ဆိုပါမတယ်။
မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုနဲ့ ပတ်သက်ပြီး မတည်မငြိမ်ဖြစ်နေလို့ အမေရိကန်က သူ့ရဲ့ မဟာမိတ်တွေနဲ့ နီးနီးကပ်ကပ် တိုင်ပင်နေတယ်လို့ ပြောပါတယ်။
ဇူလိုင် ၂၄ ရက် ထုတ်ပြန်ချက်တခုမှာ အမေရိကန်စစ်တပ်က ဒီဒုံးကျည်ပစ်လွှတ်မှုဟာ အမေရိကန် တပ်တွေ၊ နယ်မြေတွေ ဒါမှမဟုတ် အမေရိကန် မဟာမိတ်တွေအတွက် ချက်ချင်း ခြိမ်းခြောက်မှု မရှိသေးဘူးလို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
Source-Reuters