တိုက်စစ်မှူးအမ်ဘာပေနဲ့ ဆော်ဒီကလပ်အယ်လ်ဟီလာအသင်းတို့အကြား တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နိုင်ဖို့ ပီအက်စ်ဂျီအသင်းက ခွင့်ပြုချက်ပေးလိုက်ပါတယ်။
အယ်လ်ဟီလာအသင်းဟာ ပြင်သစ်တိုက်စစ်မှူးကိုခေါ်ယူဖို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၂၅၉ သန်းနဲ့ ကမ်းလှမ်းထားတာပါ။
ပီအက်စ်ဂျီအသင်းဟာ ရာသီအကြိုအာရှခရီးစဉ်မှာ အမ်ဘာပေကို ချန်လှပ်ခဲ့ပြီး အသင်းကနေ ရောင်းထုတ်သွားဖို့ စီစဉ်ထားတာပါ။
အယ်လ်ဟီလာအသင်းဘက်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာခဲ့ချိန်မှာတော့ အမ်ဘာပေနဲ့ တရားဝင်ဆွေးနွေးခွင့်ပေးခဲ့တာပါ။
အမ်ဘာပေဟာ အသင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာကျန်ရှိတော့တာဖြစ်ပြီး သက်တမ်းတိုးဖို့လည်း အဆင်မပြေတာကြောင့် လာမယ့်ရာသီမှာ အလွတ်နဲ့ ပြောင်းရွှေ့ခွင့်ပြုရမဲ့အစား ဆော်ဒီကလပ်ရဲ့ မက်မောလောက်စရာကမ်းလှမ်းချက်ကို လက်ခံဖို့ ပီအက်စ်ဂျီအသင်းက ဆန္ဒရှိနေပါတယ်။
အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့မယ်ဆိုရင် ပေါင် ၁၉၈ သန်းနဲ့ စံချိန်တင်ထားတဲ့ နေမာကို ကျော်လွန်ပြီး အမ်ဘာပေက ဈေးအကြီးဆုံးကစားသမားဖြစ်လာတော့မှာဖြစ်ပါတယ်။