ကွင်းလယ်ကစားသမား ပါတေးဟာ အသင်းမှာဆက်လက်ရှိနေမှာဖြစ်ပြီး အသင်းပြောင်းဖို့မရှိဘူးလို့ အာဆင်နယ်နည်းပြအာတီတာက အတည်ပြုသွားပါတယ်။
ပါတေးကို ခေါ်ယူဖို့ ဆော်ဒီကလပ်တွေက ကမ်းလှမ်းတာတွေရှိပေမဲ့ အာဆင်နယ်က ဆက်ထိန်းဖို့ဆုံးဖြတ်ခဲ့တာပါ။
ပါတေးရဲ့ ဆန္ဒသဘောထားကလည်း အသင်းမှာဆက်ပြီးကစားချင်ကြောင်း၊ ပါတေးဟာ အသင်းအတွက် အလွန် အရေးကြီးတဲ့ကစားသမားဖြစ်ပြီး အပြောင်းအရွှေ့ဖြစ်လာမှာ မဟုတ်ကြောင်း နည်းပြအာတီတာက ပြောပါတယ်။
“သောမက်စ်ပါတေးအကြောင်းက မေးစရာကိုမလိုအပ်ပါဘူး။ သူက ကျနော်နဲ့ ကျနော်တို့အသင်းအတွက် အလွန်အရေးပါတဲ့ကစားသမားဖြစ်တယ်။ အသင်းမှာဆက် ရှိဖို့ ကျနော်တို့ဆန္ဒရှိပြီး အပြောင်းအရွှေ့ဖြစ်လာမှာမဟုတ်တာသေချာပါတယ်။”
အာဆင်နယ်ဟာ ဒက်ကလန်ရိုက်စ်ကိုခေါ်ယူခဲ့တာကြောင့် ပါတေးကို ရောင်းထုတ်လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပေမဲ့ အသင်းမှာ ဆက်ထိန်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။