Home
နိုင်ငံတကာ
ဂျိုးဘိုင်ဒင်နှင့် AI ကုမ္ပဏီများ နည်းပညာလုံခြုံရေးဆိုင်ရာ သဘောတူညီချက်ရရှိ
DVB
·
July 22, 2023
download

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ဟာ AI ကုမ္ပဏီတွေနဲ့ အသိဉာဏ်ရည်တု နည်းပညာအတွက် ဘေးကင်းလုံခြုံရေးဆိုင်ရာ လမ်းညွှန်းချက်တွေချမှတ်ဖို့နဲ့ ပတ်သက်ပြီး သဘောတူညီမှု ရရှိခဲ့တယ်လို့ ဇူလိုင်လ ၂၁ရက်၊ သောကြာနေ့က ကြေညာခဲ့ပါ တယ်။ 

အဲ့ဒီထဲမှာ OpenAI၊ Alphabet နဲ့ Meta Platforms စတဲ့ ကုမ္ပဏီတွေ ပါဝင်တယ်လို့ သိရပါတယ်။ AI ဉာဏ်ရည်တုနဲ့ ထုတ်လုပ်ထားတဲ့ အကြောင်းအရာဖြစ်ကြောင်း အမှတ်အသား ထည့်သွင်းတာမျိုးအပါအဝင် ဒီနည်းပညာအတွက် ပိုမိုလုံခြုံစိတ်ချစေမယ့် စီမံချက်တွေကို အကောင်အထည်ဖော်သွားမယ် ဆိုပြီး အိမ်ဖြူတော်မှာ ဒီကုမ္ပဏီတွေက သူတို့ဆန္ဒအတိုင်း ကတိပြုခဲ့တယ်ကြတယ်လို့ ဘိုင်ဒင်အစိုးရအနေနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ဆိုက်ဘာလုံခြုံရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ အန္တရာယ်လျှော့ချနိုင်ရေးအတွက် အချက်အလက်တွေ မျှဝေပေးဖို့နဲ့အတူ ဒီနည်းပညာကို မထုတ်ပြန်ခင်မှာ စနစ်တွေအပေါ် အသေအချာ စမ်းသပ်စစ်ဆေးဖို့ ကတိပြုခဲ့ကြတဲ့ အခြားကုမ္ပဏီတွေလည်း ရှိတယ်လို့ သိရပါတယ်။ 

အဲ့ဒီထဲမှာ Anthropic၊ Inflection၊ Amazon.com နဲ့ Microsoft စတဲ့ ကုမ္ပဏီကြီးတွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ 

ဒါပေမယ့်လည်း အမေရိကန်နိုင်ငံဟာ အသိဉာဏ်ရည်တုဆိုင်ရာ စည်းမျဉ်းတွေအပေါ် ကိုင်တွယ်ဖြေရှင်းရာမှာ ဥရောပသမဂ္ဂထက် နောက်ကျနေသေးတယ်လို့ သိရပါတယ်။ 

ChatGPT လိုမျိုးစနစ်တွေက ဉာဏ်ရည်တုနည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ အကြောင်းအရာဖြစ်ကြောင်း ထုတ်ဖော်ပြသရမယ့် နည်းဥပေဒဆိုင်ရာ မူကြမ်းတွေနဲ့ ပတ်သက်ပြီး အီးယူအဖွဲ့ရဲ့  ဥပဒေပြဌာန်းသူတွေဟာ ပြီးခဲ့တဲ့ဇွန်လမှာ သဘောတူညီခဲ့ကြပါတယ်။ 

ဒါမှသာ အင်တာနက်ပေါ်က ရုပ်ပုံတွေရဲ့ အတုနဲ့အစစ်ကို ခွဲခြားသိမြင်နိုင်စေမှာ ဖြစ်တဲ့အပြင် တရားမဝင် အကြောင်းအရာတွေနဲ့ ဆန့်ကျင်တဲ့ အကာအကွယ်ပေးမှုကို သေချာစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024