ပီအက်စ်ဂျီဂိုးသမား ဒွန်နာရမ်မာနဲ့ သူ့ရဲ့အတူနေချစ်သူတို့ဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ နေအိမ်တိုက်ခန်းမှာ တိုက်ခိုက်လုယက်ခံခဲ့ရပါတယ်။
အီတလီဂိုးသမားနဲ့ အတူနေချစ်သူတို့နှစ်ဦးဟာ ပဲရစ်မြို့ လယ်က တိုက်ခန်းမှာ လုယက်ခံခဲ့ရတာဖြစ်ပြီး မသမာလူတစ်စုက ကြိုတင်အကွက်ချပြီး လုယက်ခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အနီးအနားရှိ ဟိုတယ်ဝန်ထမ်း တယောက်ရဲ့ သတင်းပေးမှုကြောင့်သာ သက်သာရာရခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။
လုယက်ခံရချိန်မှာ တိုက်ခိုက်ခံရမှုကြောင့် ဂိုးသမား ဒွန်နာရမ်မာ ထိခိုက်ဒဏ်ရာရခဲ့လို့ ဆေးရုံတက်ရောက်ခဲ့ရပါတယ်။
အတူချစ်သူဖြစ်တဲ့ မော်လ်ဒယ်အလက်ဆီယာကတော့ ဘေးကင်းခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကိုင်ဆောင်ထားတဲ့ လုယက်သူတွေဟာ စိန်ရတနာ၊ တန်ဖိုးကြီးနာရီတွေနဲ့ သားရေ အသုံးအဆောင် ပစ္စည်းတွေ ကိုယူဆောင်သွားပြီး စုစုပေါင်းယူရို ၅ သိန်းလောက် တန်ဖိုးရှိ တယ်လို့သိရပါတယ်။
ပီအက်စ်ဂျီအသင်းမှာကစားသမားဟောင်းတွေဖြစ်တဲ့ သီယာဂိုဆေးလ်ဗား၊ အဲလ်ဗက်စ်၊ ချူပိုမော့တီး တို့အပြင် နောက်ခံလူ မာကွင်ဟိုစ်ဟာလည်း ပဲရစ်မြို့ရှိနေအိမ်တွေမှာ လုယက်ခံခဲ့ရဖူးပါတယ်။