နောက်ခံလူ ဂဗာဒီယိုလ်အတွက် မန်စီးတီးအသင်းနဲ့ သဘောတူညီမှု မရရှိသေးကြောင်း လိုက်ပ်ဇစ် အားကစားဒါရိုက်တာ မက်အီဗာလ်က ဖြေရှင်းသွားပါတယ်။
မန်စီးတီးဟာ ခရိုအေးရှားနောက်ခံလူ ဂဗာဒီယိုလ်ကို ပေါင် ၈၆ သန်းဝန်းကျင်နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း ဗြိတိန်နဲ့ ဥရောပက မီဒီယာတွေက ဖော်ပြခဲ့ကြတာပါ။
လိုက်ပ်ဇစ်ဒါရိုက်တာကတော့အဲဒီသတင်းတွေကို အတိအလင်း ငြင်းဆန်ခဲ့တာဖြစ်ပြီး သဘောတူညီမှုရရှိဖို့ နီးစပ်မှုတောင်မရှိသေးကြောင်း ရှင်းလင်းခဲ့တာပါ။
လိုက်ပ်ဇစ်ဒါရိုက်တာ အီဗာလ်က “ဂျော့စ်ကိုဂဗာဒီယိုလ်နဲ့ပတ်သက်ပြီး ရေးသားနေကြတာတွေက ကျနော်တို့ကို အံ့အားသင့်စေခဲ့ပါတယ်။ လက်ရှိအချိန်မှာ အလွန်ဝေးကွာနေသေးတဲ့အခြေအနေမှာ ပဲရှိနေဆဲဖြစ်တယ်။ အားလုံးမြင်တဲ့အတိုင်းမှာ ဂဗာဒီယိုလ်က အသင်းမှာရှိနေဆဲပါ။ သတင်းတွေက မမှန်ပါဘူး”လို့ ပြောပါတယ်။
ဂဗာဒီယိုလ်ဟာ ပရော်ဖက်ရှင်နယ်ပြည့်ဝတဲ့ကစားသမားဖြစ်ပြီး သဘောတူညီမှုရ ယူထားတာလည်း မရှိကြောင်း လိုက်ပ်ဇစ်ဒါရိုက်တာက ပြောသွားပါတယ်။