အခုနှစ်နွေရာသီမှာ ငွေကြေးသုံးစွဲမှုတွေက အသင်းပိုင်ရှင်ရဲ့ ရည်မှန်းချက်ကြီးမားမှုတွေကို သက်သေပြနေကြောင်း အာဆင်နယ်စီအီးအို ဗီနိုင်းက ပြောသွားပါတယ်။
အာဆင်နယ်ဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့အစမှာပဲ ဒက်ကလန်ရိုက်စ်၊ ကိုင်ဟာဗက်ဇ်နဲ့ ယူရီယန်တင်းဘားတို့အတွက် ပေါင်သန်း ၂၀၀ ကျော်ငွေကြေးသုံးစွဲခဲ့တာပါ။
ဒီလိုငွေကြေးသုံးစွဲမှုတွေက အသင်းပိုင်ရှင် ခရွန်ကီနဲ့ အသင်းတာ ဝန်ရှိသူတွေရဲ့ ရည်မှန်းချက်ကြီးမားမှုကို သက်သေပြနေတာဖြစ်ကြောင်း စီအီးအို ဗီနိုင်းက Bloomberg နဲ့ အင်တာဗျူးမှာ ပြောပါတယ်။
အာဆင်နယ်စီအီးအို ဗီနိုင်းက “ဒီနှစ်နွေရာသီမှာအပြောင်းအရွှေ့မှာ ကစားသမားသုံး ယောက်ခေါ်ယူခဲ့တာက နှစ်သက်စရာကောင်းတဲ့ လူစာရင်းဖြစ်စေခဲ့တယ်။ ဒီကစားသမားသုံးယောက်က ကျနော်တို့လိုချင်တဲ့၊ အင်အားဖြည့်တင်းချင်တဲ့ နေရာတွေဖြစ်တယ်။ အလွန်အရေးပါတဲ့ ရင်းနှီးမြှပ်နှံမူတွေဖြစ်ပြီး ဒါတွေက ကျနော်တို့အသင်းပိုင်ဆိုင်သူတွေရဲ့ ရည်မှန်းချက်ကြီးမားမှုကို သက်သေပြခဲ့တာဖြစ်တယ်” လို့ ပြောပါတယ်။
အာဆင်နယ်ပိုင်ရှင် ခရွန်ကီဟာ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး KSE အုပ်စုအောက်ကနေ အမေရိကန်က တခြားအားကစားအသင်းတွေကို အောင်မြင်မှု ရရှိအောင်ရင်းနှီးမြှပ်နှံထားသူ ဖြစ်ပါတယ်။