အစဉ်အလာကောင်းရှိတဲ့ မန်ယူနိုက်တက်ဂိုးပေါက်ကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်သွားမယ်လို့ ဂိုးသမာသစ်အိုနာနာက ပြောပါတယ်။
အသက် ၂၇ နှစ်ရှိ ကင်မရွန်းဂိုးသမားဟာ အင်တာမီလန်ကနေ ပေါင် ၄၇ သန်းနဲ့ ပြောင်းရွှေ့လာတာဖြစ်ပြီး မန်ယူအသင်းက ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ ဂိုးသမားကောင်းတွေထွက်ပေါ်တဲ့အစဉ်အလာရှိပြီး မိမိအနေနဲ့လည်း ကိုယ်ပိုင်အစဉ်အလာကောင်းတွေ ဆက်လက်ချန်ရစ်ခဲ့နိုင်ဖို့ အစွမ်းကုန်ကြိုးစားမယ်လို့ အိုနာနာက ပြောပါတယ်။
အိုနာနာဟာ မန်ယူအသင်းကနေထွက်ခွါသွားတဲ့ ဂိုးသမားဒီဂီယာရဲ့နေရာကို အစားထိုးတာဝန်ယူ မှာဖြစ်ပြီး ကျောနံပါတ်တစ်ရယူခွင့်ရှိပေမဲ့ ကျောနံပါတ် ၂၄ ကိုသာဝတ်ဆင်ဖို့ ဆုံးဖြတ်ပါတယ်။
ကျောနံပါတ် ၂၄ ဟာ သူ့ရဲ့ မွေးနေ့ဖြစ်တဲ့ ဧပြီလ ၂ ရက်ကို ရည်ညွှန်းတာဖြစ်ပြီး အိုင်းယက်စ်နဲ့ အင်တာမီလန်အသင်းတွေမှာလည်း အဲဒီနံပါတ်ကိုပဲ ဝတ်ဆင်ခဲ့ပါတယ်။
အိုနာနာဟာ အိုင်းယက်စ်မှာ နည်းပြတန်ဟတ်ဂ်နဲ့ အတူလက်တွဲခဲ့ဖူးပြီး တန်ဟတ်ဂ်ဟာ ယူနိုက်တက်ကို အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးနိုင်မယ့် သူလို့လည်း အိုနာနာက ချီးကျူးသွားပါတယ်။