အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်မှာ အမျိုးသမီးတွေ ကိုယ်ထိလက်ရောက် စော်ကားခံရတဲ့ ဗီဒီယိုမှတ်တမ်း ထွက်ပေါ်လာခဲ့ပြီးနောက် ဇူလိုင် ၂၀ ရက်မှာ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီကို အတိုက်အခံခေါင်းဆောင်တွေက ဝေဖန်ခဲ့ကြပါတယ်။
မိုဒီရဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီ (ဘီဂျေပီ) ပါတီက အုပ်ချုပ်နေတဲ့ ဒီပြည်နယ်က ပြဿနာနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်မှု မရှိသလို မှတ်ချက်ပေး ပြောဆိုတာမျိုးလည်း မရှိခဲ့တာကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဒေါသတကြီး တုံ့ပြန်ခဲ့ကြပါတယ်။
နောက်ဆုံးမှာတော့ မိုဒီက ဒီလို လိင်ပိုင်းဆိုင်ရာ စော်ကားမှုဟာ “အရှက်ရဖွယ်” ဖြစ်တယ်လို့ ရှုတ်ချခဲ့ပါတယ်။
ဒါ့အပြင် ဝေးလံခေါင်သီတဲ့ အရှေ့မြောက်ပိုင်းဒေသက လူမျိုးရေးပဋိပက္ခ ဖြစ်ပွားမှုအတွင်း အနည်းဆုံး လူ ၁၂၅ ဦးအထိ သေဆုံးခဲ့ရတဲ့အပေါ်မှာ မိုဒီက ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုပြီး ကတိပြုခဲ့ပါတယ်။
ဒါဟာ မိုဒီရဲ့ ပထမဆုံးသော မှတ်ချက်ပြုမှုဖြစ်သလို မေလအစပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု အများစုကလည်း လအလယ်ပိုင်းလောက်မှာ ငြိမ်သက်သွားခဲ့ပါတယ်။
ဒါပေမဲ့လည်း အကြမ်းဖက်သတ်ဖြတ်မှုတွေက မကြာခင်မှာတင် ပြန်လည်ပေါ်ပေါက်လာခဲ့တဲ့ အတွက် တင်းမာမှုကတော့ ရှိနေဆဲပဲ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်တွေအတွင်း လူရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့တဲ့အပြင် လူပေါင်း ၄၀,၀၀၀ ကျော်အထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။
လူဦးရေ ၃ ဒသမ ၂ သန်းအထိရှိတဲ့ ပဋိပက္ခဖြစ်ပွားရာ မဏိပူရပြည်နယ်ဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာ ဖြစ်ပါတယ်။
Source - Reuters