Home
အားကစား
ဘာစီလိုနာနောက်ခံလူ ဂျော်ဒီ အယ်လ်ဘာကို အင်တာမိုင်ယာမီ ခေါ်ယူ
DVB
·
July 21, 2023
Jordi Alba_21072023

ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်တဲ့ အမေရိကန်ကလပ် အင်တာမိုင်ယာမီအသင်းဟာ ဘာစီလိုနာနောက်ခံလူ ဂျော်ဒီ အယ်လ်ဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တယ်လို့ ဇူလိုင် ၂၁ ရက်မှာ တရားဝင် ကြေညာခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ဂျော်ဒီ​ အယ်လ်ဘာကို ၁ နှစ်စာချုပ် ချုပ်ဆို​ခဲ့ပြီး စာချုပ်သက်တမ်း ကုန်ဆုံးပါက ၁ နှစ် သက်တမ်းတိုးခွင့်လည်း ပါရှိမှာဖြစ်ကာ ကျောနံပါတ် ၁၈ ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။

ဂျော်ဒီ အယ်လ်ဘာဟာ ဘာစီလိုနာမှာ အသင်းဖော်ဖြစ်ခဲ့ဖူးတဲ့ လီယွန်နယ်မက်ဆီ၊ ဆာဂျီယိုဘက်စ်ကွက်တို့နဲ့ ပြန်လည်လက်တွဲရမှာ ဖြစ်ပါတယ်။

အင်တာမိုင်ယာမီ အားကစားဒါရိုက်တာ ခရစ်ဟန်ဒါဆန်ဟာက “ဂျော်ဒီဟာ ပြီးပြည့်စုံပြီး အတွေ့အကြုံရှိတဲ့ ကစားသမားတယောက် ဖြစ်ပါတယ်။ သူက ဒီရာသီ ကလပ်ရဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင် ကူညီပေးမယ်ဆိုတာ ကျနော်သိပါတယ်” လို့ ပြောပါတယ်။

ဂျော်ဒီ အယ်လ်ဘာဟာ ဘာဘာစီလိုနာအသင်းအတွက် ၄၅၉ ပွဲ ကစားကာ ၂၇ ဂိုး သွင်းယူခဲ့ပြီး စပိန်လာလီဂါဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ ကမ္ဘာ့ကလပ်ဖလား ၁ ကြိမ်၊ ဥရောပစူပါဖလား ၁ ကြိမ်၊ ကိုပါဒယ်ရေး ၅ ကြိမ်နဲ့ စပိန်စူပါဖလား ၄ ကြိမ်တို့ကို ဆွတ်ခူးခဲ့ပါတယ်။

စပိန်အသင်းအတွက်လည်း ၉၃ ပွဲကစားကာ ၉ ဂိုးသွင်းယူပြီး ယူရို ၂၀၁၂ ဖလားနဲ့ ၂၀၂၃ ဥရောပ နေရှင်နယ်လိဂ်ဖလားတို့ကို ဆွတ်ခူးခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ဂျော်ဒီ အယ်လ်ဘာကို ခေါ်ယူပြီးနောက် နောက်ထပ် ဘာစီလိုနာကစားသမားဟောင်းတွေဖြစ်တဲ့ အင်နီ‌ေယစတာနဲ့ လူးဝစ်ဆွာရက်တို့ကို ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024