အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျဲနက် ယယ်လန်ဟာ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ဆက်ဆံရေး ခိုင်မာစေဖို့ ဗီယက်နမ်ဝန်ကြီးချုပ် ဖှက်မင်ချင်းနဲ့ ဇူလိုင် ၂၀ ရက်က ဗီယက်နမ်မြို့တော် ဟနွိုင်းမှာ တွေ့ဆုံခဲ့ပါတယ်။
ယယ်လန်ရဲ့ခရီးစဉ်ဟာ ဗီယက်နမ်နိုင်ငံရဲ့ ဘဏ္ဍာရေးနဲ့ မက်ခရိုစီးပွားရေး ခံနိုင်ရည်ရှိရေး မြှင့်တင်ဖို့၊ ဗီယက်နမ်နိုင်ငံမှာ သန့်ရှင်းတဲ့ စွမ်းအင်ဆီ အသွင်ကူးပြောင်းရေးတို့ကို အာရုံစိုက်ဖို့ မျှော်လင့်ထားပါတယ်။
ယယ်လန်ရဲ့ ခရီးစဉ်ဟာ အခုနှစ်အတွင်း အမေရိကန်-ဗီယက်နမ် တရားဝင် ဘက်စုံပူးပေါင်းဆောင်ရွက်မှု ၁၀ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုတဲ့ နှစ်နိုင်ငံအကြား ထိပ်တန်းဖလှယ်မှုတွေရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ ဧပြီလက ဗီယက်နမ်ဆီ လာရောက်လည်ပတ်ခဲ့ပြီး သီတင်းပတ်အကြာမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဗီယက်နမ်နိုင်ငံ အာဏာရ ကွန်မြူနစ်ပါတီ အကြီးအကဲ ငုယင်ဖူထရွန် တို့အကြား တယ်လီဖုန်း ခေါ်ဆိုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့လက အမေရိကန် လေယာဉ်တင်သင်္ဘော USS ရော်နယ်ရေဂင်ဟာ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ဒါနန်းမြို့ ဆိပ်ကမ်းမှာ ဆိုက်ကပ်ခဲ့ပါတယ်။
Source - Reuters