မြောက်ကိုရီးယားဟာ ဇူလိုင် ၁၉ ရက် ဒီနေ့မနက် ၃ နာရီမှာ အရှေ့ဘက်ကမ်းရိုးတန်းကနေ ပဲ့ထိန်းဒုံးကျည် ၂ စင်း ပစ်လွှတ်ခဲ့ပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ ဒီဒုံးကျည်ပစ်လွှတ်မှုတွေကို လက်ခံနိုင်စရာမရှိကြောင်းနဲ့ ဂျပန်အစိုးရဟာ နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် မြောက်ကိုရီးယားအစိုးရကို တရားဝင်ကန့်ကွက်ခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး ယာဆူကာဇုဟာမဒါက ပြောပါတယ်။
မြောက်ကိုရီးယားဟာ ဗုဒ္ဓဟူးနေ့ အစောပိုင်းက အရှေ့ဘက်ကို ပဲ့ထိန်းဒုံးကျည် ၂ စင်း ပစ်လွှတ်ခဲ့ကြောင်း ဂျပန်နဲ့ တောင်ကိုရီးယား စစ်တပ်တွေက ပြောကြားခဲ့ပြီး နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားဆိပ်ကမ်းကို အမေရိကန် ပဲ့ထိန်းဒုံးကျည် ရေငုပ်သင်္ဘောတစင်း ရောက်ရှိလာပြီး နာရီပိုင်းအကြာမှာ ဖြစ်ပါတယ်။
ပထမဒုံးကျည်ဟာ အမြင့် ၅၀ ကီလိုမီတာကို ရောက်ရှိပြီး အကွာအဝေး ၅၅၀ ကီလိုမီတာကို ပျံသန်းနိုင်ခဲ့ကာ ဒုတိယဒုံးကျည်ကတော့ အမြင့်ပေ ၅၀ ကီလိုမီတာကို ရောက်ရှိကာ ၆၀၀ ကီလိုမီတာ အကွာအဝေးအထိ ပျံသန်းခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။
အဲဒီဒုံးကျည် ၂ စင်းစလုံးဟာ ဂျပန်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန် အပြင်ဘက်ကို ကျရောက်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
Source - Reuters