တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရှေးဟောင်းဗုဒ္ဓဘာသာ နံရံဆေးရေးပန်းချီတွေဟာ ရာသီဥတုဖောက်ပြန်ပြီး မကြုံစဘူး မိုးရွာသွန်းတဲ့အတွက် တိုက်ရိုက် ခြိမ်းခြောက်ခံနေရတယ်လို့ သုတေသီတွေက ဇူလိုင် ၁၈ ရက်မှာ ပြောပါတယ်။
Greenpeace အဖွဲ့ကြီးရဲ့ အရှေ့အာရှရုံးခွဲဖြစ်တဲ့ တရုတ်ပြည်မကြီးရဲ့ မြို့တော် ပေကျင်းက ရုံးမှာ ထိုင်တဲ့ လီကျိုးက တရုတ်နိုင်ငံ ဂန်စုပြည်နယ်မှာရှိတဲ့ တုံးဟွမ်နဲ့ ကျန်းယဲ့မြို့တွေမှာ မိုးသည်းလို့ ကုလသမဂ္ဂယဉ်ကျေးမှုအဖွဲ့ကြီး (UNESCO) စာရင်းဝင် ကမ္ဘာ့အမွေအနှစ်နေရာတွေ အန္တရာယ်ကျရောက်ခဲ့တာပါ။
၄ ရာစုခေတ်က လိုဏ်ဂူဘုန်းတော်ကြီးကျောင်းတွေ ပျက်စီးနေပြီလို့ ဒေသခံမီဒီယာတွေက ပြောပါတယ်။
မိုးရေယိုစိမ့်တာနဲ့ စိုထိုင်းဆ များလာတာတွေကြောင့် ထင်ရှားကျော်ကြားတဲ့ မို့ကောင်းဂူတွေ အပါအဝင် ရှေးဟောင်းဂူတွေက ပန်းချီတွေ ပျက်စီးခဲ့ပြီး တချို့ဂူတွေပါ ပြိုကျခဲ့တယ်လို့ လီက ပြောပါတယ်။
တရုတ်နိုင်ငံဟာ နိုင်ငံတဝန်း ယဉ်ကျေးမှုအမွေအနှစ်တွေကို စစ်တမ်းကောက်ယူနေပေမဲ့ ပြီးစီးတဲ့အချိန်မှာ နိုင်ငံရဲ့ ရတနာတချို့ ပျောက်ကွယ်သွားနိုင်တယ်လို့ လီက သတိပေးခဲ့ပါတယ်။
Source - Reuters