Home
မြန်မာသတင်း
ကြို့ပင်ကောက်တွင် ကျောင်းသား ၂ ဦး ရေနစ်သေဆုံး
DVB
·
July 18, 2023
361652524_1612668255889330_5334938233472394892_n

ပဲခူးတိုင်း ကြို့ပင်ကောက်မြို့၊ ဗွဲရိုးကျေးရွာအုပ်စု ကျောင်းကုန်းကျေးရွာအနီးမှာ ကလေး၂ ယောက် ကျောင်းအသွား ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ပါတယ်။

ဇူလိုင် ၁၈ ရက်  မနက် ၉ နာရီလောက်မှာ ဆည်ဘေးက မြေတူးထားတဲ့ကန်မှာ ရေဆင်းကူးရင်း သေဆုံးခဲ့တာပါ။

သေဆုံးခဲ့တဲ့ ကလေးတွေဟာ Grade-6 ကျောင်းသား မောင်ကိုကိုထွန်း နဲ့ Grade-3 ကျောင်းသား မောင်ထက်မြက်သူတို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံတဦးက “ ကလေးတွေက ကျောင်းအသွားရေဆင်းကူးတာထင်ပါတယ်၊ ကျောပိုးအိတ်တွေ အဖြူအစိမ်းတွေ ကန်ဘောင်မှာ ကျန်ခဲ့တယ်။ ကျနော်တို့ရောက်တော့ ရေနစ်တာ ၁၅ မိနစ် လောက်ပဲ ရှိသေးတယ် အသက်မရှိတော့ဘူး” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ ကလေး ၂ ယောက်ရဲ့ အလောင်းကို ကြို့ပင်ကောက်ဆေးရုံ ရင်ကွဲရုံမှာ ထားရှိထားပြီး မိသားစုနဲ့ အဆက်သွယ်ရဖို့ ပရဟိတအသင်းတွေက ကြိုးစားနေဆဲ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024