Home
မြန်မာသတင်း
ငဖဲမြို့တွင် သင်္ကန်းဝတ် ရိုဟင်ဂျာ ၆ ဦးနှင့် ခေါ်လာသူသီလရှင် ၁ ပါး ဖမ်းဆီးခံရ
DVB
·
July 17, 2023
360095040_10159552802102913_8098224431493135757_n

မကွေးတိုင်း၊ ငဖဲမြို့နယ် ဇင်ပြွန်ကျေးရွာအုပ်စု ပျဥ်းဝပူးပေါင်းစစ် ဆေးရေးဂိတ်မှာ ဇူလိုင် ၁၇ ရက် မနက်က သင်္ကန်းဝတ် ရိုဟင်ဂျာ ၆ ဦးနဲ့ခေါ်လာသူ သီလရှင် ၁ ပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်တွေမြို့ကနေ ရန်ကုန်ကို ကြံတိုင်းအောင် Express ယာဥ်နဲ့လာရာ ငဖဲမြို့၊ ဇင်ပြွန်ကျေးရွာအုပ်စု ပျဉ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဒီနေ့မနက်က ဖမ်းဆီးရမိခဲ့တာလို့ စစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"အမျိုးသားနှစ်ယောက်ရော ခေါ်လာတဲ့ ဆရာလေးကိုရော စစ်နေတယ်၊ လတ်တလော ဘာပုဒ်မနဲ့ဖွင့်လဲတော့ မသိဘူး။" 

ကြံတိုင်းအောင် Express ကားပေါ်မှ အမျိုးသား ၂ ဦးနဲ့ သီလရှင် ၁ ပါး၊ သင်္ကန်းဝတ် ရိုဟင်ဂျာ ၆ ဦးကို ငဖဲမြို့မရဲစခန်းက စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လက်တလောမှာ သင်္ကန်းဝတ် ရိုဟင်ဂျာ ၆ ဦးကို တင်ဆောင်လာတဲ့ ကြံတိုင်းအောင် ရန်ကုန်-စစ်တွေ Express ယာဥ်မောင်းတွေကိုလည်း စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

၂၀၂၃ ခုနှစ် ၆ လတာကာလအတွင်း ရိုဟင်ဂျာဖမ်းဆီးရရှိမှု ၁၀၀၀ နီးပါးရှိပြီး ထောင်ဒဏ်အမိန့်ချမှတ်ခံရသူ ၃၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024